Published: 14 Oct, 2022



Last Date :
Description :

၁။             ရန်ကုန်မြို့၊  မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ကွမ်းခြံလမ်းတွင်တည်ရှိသော မြန်မာ့ မီးရထားပိုင် ရန်ကုန်ဘူတာအဆောက်အဦမှ မြေညီထပ်ရှိ ရုံးခန်း(၅)ခန်း၊ ပထမထပ်ရှိ ရုံးခန်း (၁၀)ခန်း၊ စုစုပေါင်းရုံးခန်း (၁၅)ခန်း/ကြမ်းခင်းဧရိယာ(Gross Floor Area-GFA)(၈၅၈.၇၅) စတုရန်းမီတာပေါ်တွင် ရထားသယ်ယူပို့ဆောင်ရေးလုပ်ငန်းနှင့်ဆက်စပ်သည့် ရုံးခန်း/ဟိုတယ်/ စားသောက်ဆိုင် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် (၁.၁၁.၂၀၂၂ မှ ၃၁.၁၀.၂၀၂၅)ထိ (၃)နှစ်သက်တမ်း ငှားရမ်းလုပ်ကိုင်ခွင့်ကို တိုင်းတာဝန်ခံ၊ တိုင်းအမှတ်(၇)ရန်ကုန်ရုံး၊ ရန်ကုန် ဘူတာ(ပထမ)ထပ်၌ (၃၁.၁၀.၂၀၂၂)ရက်နေ့ နေ့လည်(၁၃:၀၀)နာရီအချိန်တွင် ဈေးပြိုင်လေလံ စနစ်ဖြင့် (Open Tender) ခေါ်ယူဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၂။             မန်နေဂျာ(စီးပွားရေး/တိုင်း)၊ တိုင်းအမှတ်(၇)ရန်ကုန်ရုံးတွင် တင်ဒါစည်းကမ်းချက်နှင့် တင်ဒါအဆိုပြုလွှာပုံစံများကို (၁)စုံလျှင် (၂၀,၀၀၀/-)ကျပ်နှုန်းဖြင့် (၁၄.၁၀.၂၀၂၂ မှ  ၂၈.၁၀.၂၀၂၂ ထိ) ရုံးချိန်အတွင်း (ရုံးပိတ်ရက်မပါ)ဝယ်ယူနိုင်ပါသည်။

၃။             အသေးစိတ်အချက်အလက်များကို သိရှိလိုပါက မြန်မာ့မီးရထား(ရုံးချုပ်)၊ နေပြည်တော် ဘူတာ(ပထမ)ထပ်ရှိ စီးပွားရေးဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းအမှတ်(ဖုန်း၊ ၀၆၇-၇၇၀၄၈/၇၇၁၂၃/၇၇၁၆၃)သို့ဖြစ်စေ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

တင်ဒါကော်မတီ

Download Details :
Download Detail
Department Under :