ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ

မေလအတွင်း ပြည်နယ်နှင့်တိုင်းဒေသကြီးရုံးများဌာနခွဲ(အထက်မြန်မာပြည်)၏လုပ်ငန်းဆောင်ရွက်ချက်များ

၁။      ပြည်နယ်နှင့်တိုင်းဒေသကြီးရုံးများဌာနခွဲ(အထက်မြန်မာပြည်) သည် ၂၀၂၃ ခုနှစ်၊ ဇွန်လ အတွင်း မြင်းကောင်ရေ(၂၀)အထက်ရေယာဉ်များအတွက် မှတ်ပုံတင်လက်မှတ်ထုတ်ပေးခြင်း အနေဖြင့် ကုန်တင်ရေယာဉ်ကနဦး(၉)စီး၊ သက်တမ်းတိုး(၅၆) စီးနှင့် ခရီးသည်တင်ရေယာဉ် သက် တမ်းတိုး(၁၂)စီး မှတ်ပုံတင်လက်မှတ်ထုတ်ပေးခြင်းနှင့် လုပ်ငန်းလုပ်ကိုင်မှု လိုင်စင်သက်တမ်း တိုးခြင်း/အသစ်ထုတ်ပေးခြင်းများ ဆောင်ရွက်နိုင်ခဲ့ပါသည်။ 

၂။       ထို့အပြင် ပြည်နယ်နှင့်တိုင်းဒေသကြီးရုံးများဌာနခွဲ(အထက်မြန်မာပြည်) အနေဖြင့် ၂၀၂၃ ခုနှစ်၊ ဇွန်လအတွင်း၌ ပြည်တွင်းရေကြောင်းသွား ကုန်တင်ရေယာဉ် (၂၆) စီး၊ ခရီးသည် ရေယာဉ် (၆) စီး၊ တွဲတွန်း/တွဲဆွဲ (၂၂) စီး၊ စက်မဲ့ ဆီတင်တွဲ (၁) စီးနှင့် စက်မဲ့ ကုန်တင်တွဲ (၇) စီး စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

၃။      ပြည်နယ်နှင့်တိုင်းဒေသကြီးရုံးများဌာနခွဲ(အထက်မြန်မာပြည်)၊ မန္တလေးတိုင်းဒေသကြီးရုံး၊ သင်္ဘောကျင်းတွင် ရေယာဉ်တည်ဆောက် ပြုပြင်ခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဇွန်လအတွင်း  အကြီးစားပြင်ဆင်မှု(၆) စီး၊ အသေးစားပြင်ဆင်မှု(၄) စီး ဆောင်ရွက်ခဲ့ပါသည်။

၄။      ပြည်နယ်နှင့်တိုင်းဒေသကြီးရုံးများဌာနခွဲ(အထက်မြန်မာပြည်) ရှိ ရုံးများတွင် မြစ်တွင်းသွား သင်္ဘောသား အခြေခံသင်တန်း (၂၆)ဦး၊ စက်မြင်းအား (၂၀)အထက် ရေယာဉ်အုပ်(၈)ဦး၊ စက်ခန်း အုပ်(၈) ဦးအား သင်တန်းဖွင့်လှစ် သင်ကြားပေးနိုင်ခဲ့ပါသည်။

ရေကြောင်းအင်ဂျင်နီယာဘက်ဆိုင်ရာ စာမေးပွဲစစ်ဆေးရေးအဖွဲ့မှ (ဇူလိုင်လအတွင်း) စစ်ဆေး ခဲ့သည့်  ရေကြောင်းအင်ဂျင်နီယာအရာရှိ စာမေးပွဲစစ်ဆေးပြီးစီးမှုအခြေအနေ

ကြောင်းအင်ဂျင်နီယာအရာရှိ စာမေးပွဲစစ်ဆေးပြီးစီးမှုအခြေအနေ