ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ

ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) နှင့်ပတ်သက်၍ ရေကြောင်းသတိပေးချက် (Notice to Mariners ) များ ထုတ်ပြန်ဆောင်ရွက်ခဲ့ခြင်း

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန အနေဖြင့် ရေကြောင်းအန္တရာယ်ကင်းရှင်းရေး၊ လုံခြုံရေးနှင့်ပတ်သက်သော ရေကြောင်း သတိပေးချက် Notice to Mariners  များကို သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၃ ခုနှစ် မေလ(၁၄)  ရက်နေ့တွင် တိုက်ခတ်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) နှင့် ပတ်သက်၍ ရေကြောင်းသတိပေးချက် Notice to Mariners  (၁၀) စောင်ထုတ်ပြန်ခဲ့ပြီး မုန်တိုင်းမတိုက်ခတ်မီ မုန်တိုင်းနှင့်ပတ်သက်၍ ကြိုတင် သတိပြုရှောင်ရှားနိုင်ရန်အတွက် Notice to Mariners  (၃) စောင် ထုတ်ပြန်ဆောင်ရွက်ခဲ့ပါသည်။

 

မြန်မာနိုင်ငံ အောက်ပိုင်းဒေသရှိ တိုင်းဒေသကြီး/ပြည်နယ်ရုံးခွဲများ၏ ဆောင်ရွက်ချက်

၁။ ၂၀၂၃ ခုနှစ်၊ ဇွန်လ အတွင်း မြင်းကောင်ရေ(၂၀)အထက်ရေယာဉ်များအတွက် မှတ်ပုံတင်လက်မှတ်ထုတ်ပေးခြင်း အနေဖြင့် ကုန်တင် ရေယာဉ်ကနဦး(၁၉)စီး၊ သက်တမ်းတိုး(၄၃) စီး၊ ခရီးသည်တင်ရေယာဉ် ကနဦး(၁၁) စီး၊ သက်တမ်းတိုး(၁၉) စီးနှင့် ငါးဖမ်း/ ငါးသယ် ရေယာဉ် ကနဦး(၅၇) စီး၊ သက်တမ်း တိုး(၁၂၉) စီး မှတ်ပုံတင်လက်မှတ်ထုတ်ပေးခြင်း ဆောင်ရွက်နိုင်ခဲ့ပါသည်။ မြင်းကောင်ရေ(၂၀) အထက်ရေယာဉ်များအတွက် လုပ်ငန်းလိုင်စင်ထုတ်ပေးခြင်းအနေဖြင့် ကုန်တင်ရေယာဉ် ကနဦး (၁၉) စီး၊ သက်တမ်းတိုး(၄၁) စီး၊ ခရီးသည်တင်ရေယာဉ် ကနဦး(၄) စီး၊ သက်တမ်းတိုး(၁၂) စီး လုပ်ငန်းလိုင်စင်ထုတ်ပေးခြင်းဆောင်ရွက်နိုင်ခဲ့ပါသည်။

၂။ မြင်းကောင်ရေ(၂၀)အောက်ရေယာဉ်များအတွက် လုပ်ငန်းလိုင်စင်ထုတ်ပေးရာတွင် ကုန်တင် ရေယာဉ်(၃၈၁) စီးနှင့် ခရီးသည်တင် ရေယာဉ်(၂၂၆) စီးထုတ်ပေးနိုင်ခဲ့ပါသည်။ ကမ်းရိုးတန်းသွား ရေယာဉ်များအား Outward Clearance (၈၃) စီး ထုတ်ပေးခြင်း၊ နိုင်ငံခြားသွားရေယာဉ်များအား Outward Clearance (၃) စီး ထုတ်ပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

၃။ လိုင်စင်မဲ့နှင့်သက်တမ်းလွန်ရေယာဉ်များ လျော့နည်းပပျောက်စေရန် နိုင်ငံတော်မှ ရသင့် ရထိုက်သည့် အခွန်ဘဏ္ဍာများ အပြည့်အဝရရှိစေရန်အတွက် ရေယာဉ်များ မှတ်ပုံတင်ဆောင်ရွက် နိုင်ရေး၊ သက်တမ်းကျော်လွန်နေသည့် ရေယာဉ်များအား အချိန်မီ လိုင်စင်သက်တမ်းတိုး ဆောင်ရွက် နိုင်ရေး ရှောင်တခင်ကွင်းဆင်း၍ စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

၄။ ပြည်နယ်နှင့်တိုင်းဒေသကြီးရုံးများဌာနခွဲ(အောက်မြန်မာပြည်)၊ ရန်ကုန်တိုင်းဒေသကြီးရုံး၊ ဒေါပုံ-သင်္ဘောကျင်းနှင့် ရခိုင်ပြည်နယ်ရုံး၊ စစ်တွေ-သင်္ဘောကျင်းတွင် ရေယာဉ်တည်ဆောက် ပြုပြင်ခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဇွန်လအတွင်း  အကြီးစားပြင်ဆင်မှု(၄) စီး၊ အသေးစားပြင်ဆင်မှု(၂) စီး ဆောင်ရွက်ခဲ့ပါသည်။

၅။ ပြည်နယ်နှင့်တိုင်းဒေသကြီးရုံးများဌာနခွဲ(အောက်မြန်မာပြည်) ရှိ ရုံးများတွင် ရေယာဉ်အုပ် သင်တန်း(၅)ဦး၊ စက်ခန်းအုပ်သင်တန်း (၃၉)ဦး၊ ပဲ့နင်းမှူးသင်တန်း(၅)ဦးဖြင့် သင်တန်းများ ဖွင့်လှစ်၍ စာမေးပွဲများကျင်းပပြုလုပ်ပေးခဲ့ပါသည်။

ရေယာဉ်များ စစ်ဆေးခြင်း

နိုင်ငံတကာ အစည်းအဝေးပွဲများ တက်ရောက်ခြင်း

၂၀၂၃ ခုနှစ်၊ မေလ (၉) ရက်နေ့မှ (၁၁) ရက်နေ့အထိ ဗီယက်နမ်နိုင်ငံ၊ Da Nang မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် (၄၄) ကြိမ်မြောက် အာဆီယံနိုင်ငံများ ရေကြောင်းဘက်ဆိုင်ရာ ပို့ဆောင်ရေး အစည်းအဝေးသို့ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ကိုယ်စားလှယ် တစ်ဦး တက်ရောက်ခဲ့ပါသည်။

ထို့အပြင် ၂၀၂၃ ခုနှစ်၊ မေလ (၃၁) ရက်နေ့မှ ဇွန်လ (၉)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် အပြည်ပြည်ဆိုင်ရာရေကြောင်းအဖွဲ့၏ (၁၀၇) ကြိမ်မြောက် ရေကြောင်းအန္တရာယ်ကင်းရှင်းရေး ကော်မတီ အစည်းအဝေး (One Hundred and Seventh Session of IMO Maritime Safety Committee- MSC 107) သို့ လည်းကောင်း၊ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၃) ရက်နေ့မှ (၇) ရက်နေ့အထိ ကျင်းပခဲ့ပြုလုပ်ခဲ့သည့် အပြည်ပြည်ဆိုင်ရာရေကြောင်းအဖွဲ့ချုပ်၏ (၈၀) ကြိမ်မြောက် ရေထုညစ်ညမ်းမှု ကာကွယ် တားဆီးရေးကော်မတီ အစည်းအဝေး (Eighty session of the Marine Environment Protection Committee – MEPC-80) သို့ လည်းကောင်း Online မှ တစ်ဆင့် ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ ကြပါသည်။

 

MEPC - 80 အစည်းအဝေး တက်ရောက်ခြင်း