ပြည်ပမှ တင်သွင်းသည့် ရေယာဉ်များမှတ်ပုံတင်လက်မှတ် ထုတ်ပေးခြင်း

ဝန်ဆောင်မှုရယူရန်လိုအပ်ချက်များ

လျှောက်ထားသူသည်  မြန်မာနိုင်ငံသားဖြစ်ရမည်။  အမှန်တကယ် ရေယာဉ် ပိုင်ဆိုင်ကြောင်း တရားရုံး၌  ကျမ်းကျိန်ပြီးဖြစ်ရမည်။ ပြည်တွင်း အခွန်ဦးစီးဌာနမှ ရေယာဉ်အား အခွန်စည်းကြပ်ပြီးကြောင်းပုံစံ (၁) ရရှိပြီးဖြစ်ရမည်။

ဝန်ဆောင်ခ

GT (တန်ချိန်) x ၂၅၀ ကျပ်

လိုအပ်သောစာရွက်စာတမ်းများ

ပိုင်ရှင်၏လျှောက်လွှာ ။

ရေယာဉ်၏ဓါတ်ပုံ (ရှေ့၊ နောက်၊ ဝဲ၊ ယာ၊ အင်ဂျင်)

ရေယာဉ်ပုံစံ (Drawing)

REGISTRY CERTIFICATE

INVOICE

BILL OF SALE (သို့) SALE CONTRACT

TONNAGE CERTIFICATE

SHIP STATION LICENCE

IMPORT LICENCE

PORT CLEARANCE CERTIFICATE

ပြည်ပနိုင်ငံ၏မှတ်ပုံတင်စာရင်းမှ ပါယ်ဖျက်စာ။ (DEREGISTRATION CERTIFICATE)

အကောက်ခွန်ဦးစီးဌာနတွင် အခွန်ပေးသွင်းပြီးကြောင်းထောက်ခံစာ ။

ကုမ္ပဏီလီမိတက် အသင်းဖွဲ့မှတ်တမ်းစာအုပ် ။

ထုတ်ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ် ။

သင်းဖွဲ့စည်းမျဉ်းများ ။

ကုမ္ပဏီလီမိတက်၏ အသင်းဖွဲ့မှတ်တမ်းစာအုပ် ။

ပို့ဆောင်ရေးဝန်ကြီးဌာနမှ ကန့်ကွက်ရန်မရှိကြောင်းထောက်ခံစာ ။

ငါးဖမ်း(သို့) ငါးသယ်ရေယာဉ်ဖြစ်ပါကငါးဦးစီးဌာနမှ မှတ်ပုံတင်ခြင်းအပေါ် ကန့်ကွက်ရန်မရှိကြောင်း ထောက်ခံစာ ။

ပြဿနာပေါ်ပေါက်ပါကတာဝန်ယူဖြေရှင်းမည့် ဂတိဝန်ခံချက် ။

စာရွက်စာတမ်းပြည့်စုံပါက ရေယာဉ်အား စစ်ဆေးပြီး  ပိုင်ရှင်ဖြစ်ကြောင်း NOTARY။

လျှောက်ထားရန်အဆင့်များ

လျှောက်ထားလိုသူရေယာဉ်ပိုင်ရှင်မှ လိုအပ်သော စာရွက်စာတမ်းများ ပြည့်စုံပါကရေယာဉ်အား တိုင်းတာစစ်ဆေး၍ GT (တန်ချိန်) သတ်မှတ်ပြီး ကျသင့်ဝန်ဆောင်ခများဘဏ်သို့ ပေးသွင်းပြီး တစ်လ ယာယီ ထောက်ခံချက်ရရှိပါမည်။ စစ်ဆေးတွေ့ရှိချက်အား ဒု-ညွှန်ကြားရေးမှူး၊ ညွှန်ကြားရေးမှူး၊ ညွှန်ကြားရေးမှူးချုပ်ထံ တင်ပြပြီး ခွင့်ပြုမိန့်ရရှိပါက ညွှန်ကြားရေးမှူးချုပ်ထံ လက်မှတ်ရေးထိုးပြီး ပိုင်ရှင်အား ထုတ်ပေးပါသည်။

ဝန်ဆောင်မှုရရှိနိုင်မည့် တည်နေရာများ

ရန်ကုန်မြို့

ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန

Website လိပ်စာ

www.dma.gov.mm