Web Design HTML 5 & CSS3 Course သင်တန်းဆင်းပွဲ

   ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ်အတွင်း (ပထအကြိမ်) Web Design HTML5 & CSS3 သင်တန်း၏ သင်တန်းဆင်းပွဲ အခမ်းအနားကို မေလ(၁၉)ရက်နေ့ နေ့လည်ပိုင်းတွင် ရုံးအမှတ် (၂)၊ E-Learning - II စာသင်ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

   အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားကို သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ သင်တန်းကျောင်း၊ ဒုတိယကျောင်းအုပ် ဦးလှိုင်မျိုးကျော်၊ သင်တန်းဆရာ/ဆရာမများ၊ သင်တန်းအထောက်အကူပြု တာဝန်ခံများ၊ ဗဟိုအစိုးရအဖွဲ့အစည်းများနှင့် ဝန်ကြီးဌာန  အသီးသီးမှ သင်တန်းသား/ သင်တန်းသူ (၂၇) ဦး  တက်ရောက်ခဲ့ပါသည်။

   ထို့နောက် သင်တန်းကျောင်း၊ ဒုတိယကျောင်းအုပ်မှ သင်တန်းသား/သင်တန်းသူများအား သင်တန်းဆင်း အမှာစကား ပြောကြားပြီး သင်တန်းသား/သင်တန်းသူများမှ အကဲဖြတ်ပုံစံ (Evaluation Form) တွင်တင်ပြလာသော အကြုံပြုချက်များနှင့် သုံးသပ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး ဒုတိယကျောင်းအုပ်မှ သင်တန်းဆင်း အောင်လက်မှတ်များ  ချီးမြှင့်ခြင်း၊ သင်တန်းတွင်ထူးချွန်စွာ အောင်မြင်ခဲ့သည့် ပထမဆုရရှိသော စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒေါ်နွေးနွေးဝတ်ရည်၊ ဒုတိယဆုရရှိသော စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒေါ်လွန်းစန္ဒီမြင့်၊ တတိယဆုရရှိသော သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဦးဝင်းအောင်တို့အား ထူးချွန်ဆုများ အသီးသီး ချီးမြှင့်ကာ သင်တန်းဆင်းပွဲ အခမ်းအနားကို ညနေ (၄)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။