.mm Domain မှတ်ပုံတင်ခြင်း ဆောင်ရွက်ခွင့်ရှိသူ Registrar အသစ် များ ခေါ်ယူခြင်းကိစ္စ

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် ဆက်သွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များအရ အီလက် ထရောနစ် လိပ်စာများဖြစ်သည့်Public IP Address ၊Autonomous System (AS) Number ၊ Domain Nameတို့နှင့်စပ်လျဉ်း၍စိစစ်ကြီးကြပ်ခြင်းနှင့်စီမံခန့်ခွဲခြင်းလုပ်ငန်းများအားဆောင်ရွက်ရမည်ဖြစ်သည် နှင့်အညီ မြန်မာနိုင်ငံ၏ကိုယ်စားပြု .mm Domain Name မှတ်ပုံတင်ဌာန (Registry) အဖြစ် ၂၀၁၉ခုနှစ်၊အောက်တိုဘာလ(၁)ရက်နေ့မှစတင်၍ဆောင်ရွက်လျက်ရှိပြီးမြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊Yatanarpon Teleport Public Co., Ltd နှင့် Myanmar Technology Gateway Co., Ltdတို့က Domain သုံးစွဲသူမှတ်ပုံတင်သည့်ကုမ္ပဏီ(Registrar) အဖြစ် ဆောင်ရွက်လျက်ရှိပါသည်။

ယခုအခါ .mm Domain Name များအား ပြည်တွင်း ဈေးကွက်တွင် ယှဉ်ပြိုင်မှု အားကောင်းလာစေရေးနှင့် ပြည်ပ Domain အစား ပြည်တွင်း Domainအား အသုံးပြုမှုပိုမိုအားကောင်းလာစေရေးအတွက်လက်ရှိဝန်ဆောင်မှုပေးလျက်ရှိသည့်Domainသုံးစွဲသူမှတ်ပုံတင်သည့်ကုမ္ပဏီ(Registrar) (၃) ဦးအပြင် ထပ်မံ၍ Registrar အသစ်များခေါ်ယူရန်လိုအပ်လျက်ရှိပါသည်။

ထို့ကြောင့်DomainRegistrarများအဖြစ်မိုဘိုင်းအော်ပရေတာများ၊ကွန်ရက်အထောက်အကူပြုဝန်ဆောင်မှုလုပ်ငန်းလိုင်စင်(အထူး)နှင့်ကွန်ရက်ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်ရရှိထားသည့်ကုမ္ပဏီ/အဖွဲ့အစည်း များမှ လျှောက်ထားနိုင်မည်ဖြစ်ပြီး စိတ်ပါဝင်စားသူများအနေဖြင့် ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၏ Website  ဖြစ်သည့် www.ptd.gov.mm တွင် “Application Form for Registrar Accreditation of .mm ccTLD” အား Download ရယူပြီး Application Form တွင် ပါဝင်သည့်လိုအပ်သော အချက်အလက်များကို ပြည့်စုံစွာဖြည့်စွက်ဖော်ပြ၍ အောက်ဖော်ပြပါ လိပ်စာသို့လိပ်မူကာ E-mail ဖြင့်ဖြစ်စေ၊ စာတိုက်မှဖြစ်စေ(၂၅-၃-၂၀၂၂) ရက်နေ့နောက်ဆုံးထား ၍ လျှောက်ထားနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

ပေးပို့ရမည့်လိပ်စာ

 

ညွှန်ကြားရေးမှူးချုပ်
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန
ရုံးအမှတ်(၂)၊ နေပြည်တော်

Attention:         အရင်းအမြစ်စီမံခန့်ခွဲမှုဌာန

E-mail:              spectrumresource.ptd@gmail.com,[email protected]

Phone No:        067-3407626