Microsoft Office Word 2010 သင်တန်း နှင့် MySQL Database သင်တန်းဖွင့်ပွဲအခမ်းအနား

၂၀၂၀ ပြည့်နှစ် ဇူလိုင်လ (၁၃) ရက်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးသင်တန်းကျောင်းတွင် အခြေခံ ကွန်ပျူတာ အကြောင်းအရာများသိရှိနိုင်ပြီး  ရုံးစာရေးသားနည်း၊ အင်္ဂလိပ်၊ မြန်မာစာ စာစီစာရိုက်နည်းနှင့် ဇယား၊ ပုံ၊ ဂရပ်ဖ် အသုံးပြုနည်းများကို လက်တွေ့လုပ်ဆောင်နိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်သော Microsoft Office Word 2010 Training သင်တန်း နှင့် SQL Language အကြောင်းကို အခြေခံသိရှိ နားလည်ပြီး ဝန်ကြီးဌာန Website ရှိ Database System ကို ထိန်းသိမ်း အသုံးပြုနိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်သော MySQL Database Course သင်တန်းများကို ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၁၃)ရက်နေ့ နံနက်ပိုင်းက နေပြည်တော်၊ ရုံးအမှတ် (၂) သင်တန်းခန်းမတွင် သင်တန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ကြောင်း သိရပါသည်။  ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

သင်တန်းကာလမှာ Microsoft Office Word 2010 Training သင်တန်းကို (၁၃--၂၀၂၀) ရက်နေ့မှ  (၂၄--၂၀၂၀) ရက်နေ့အထိ () ရက်ဖြင့်လည်းကောင်း MySQL Database Course သင်တန်းကို (၁၃--၂၀၂၀) ရက်နေ့မှ  (၂၉--၂၀၂၀) ရက်နေ့အထိ (၁၂) ရက် သင်တန်း ဖြစ်ပြီး Microsoft Office Word 2010 Training သင်တန်းတွင် ပြည်ထောင်စုဝန်ကြီးဌာနနှင့် အစိုးရ အဖွဲ့အစည်း (၁၃) ခုမှ သင်တန်းသား (၂) ဦးနှင့် MySQL Database Course သင်တန်း တွင် ပြည်ထောင်စုဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့အစည်း () ခုမှ သင်တန်းသား (၂၃) ဦးဖြင့် စုစုပေါင်းသင်တန်းသား (၄၇) ဦး တို့ တက်ရောက်ကြောင်း သိရပါသည်။  သင်တန်းတွင်   အွန်လိုင်းသင်ကြားရေးစနစ်ကို အသုံးပြု၍ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရပါသည်။

သင်တန်းဖွင့်ပွဲသို့ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး သင်တန်းကျောင်း၊ ကျောင်းအုပ် ဒေါ်ခင်ဆွေဌေးနှင့် ဌာနမှ တာဝန်ရှိသူများတက်ရောက်ခဲ့ပြီး  သင်တန်းကျောင်း၊  ကျောင်းအုပ် ဒေါ်ခင်ဆွေဌေး က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေး သင်တန်းကျောင်းသည် ပြည်ထောင်စုဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့အစည်းများမှ နိုင်ငံဝန်ထမ်းများအား e-Government နှင့် ဆိုက်ဘာလုံခြုံရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၁၆- ၂၀၁၇ ဘဏ္ဍာရေး နှစ်မှစ၍ ICT သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက် ရှိကြောင်း သိရှိရသည်။ သင်တန်းကျောင်း၏ ဖွင့်လှစ်ခဲ့သောသင်တန်းများကို www.itcstc.edu.mm ဝက်ဆိုက်တွင် ရုံးချိန်အတွင်း ဝင်ရောက်လေ့လာကြည့်ရှု့နိုင်ပါသည်။

ITCS သင်တန်းကျောင်း