ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး သင်တန်းကျောင်း၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း (ဒုတိယအကြိမ်) Linux Foundation နှင့် Basic Networking သင်တန်းများ၏ သင်တန်းဖွင့်ပွဲကို နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် ရုံးအမှတ် ၂ ၊ စုပေါင်းခန်းမတွင် ကျင်းပပြုလုပ်ရာ သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဆန်းဝင်းထွန်းနှင့် တကွ သင်တန်းကျောင်း၊ ကျောင်းအုပ်ကြီး ဒေါ်နှင်းခိုင်အေး၊ ဌာနအကြီးအကဲများ၊ သင်တန်းဆရာ/ဆရာမများ၊ သင်တန်းအထောက်အကူပြု တာဝန်ခံများ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများမှ သင်တန်းသား/ သင်တန်းသူ စုစုပေါင်း ၄၉ ဦး တို့ တက်ရောက်ကြောင်း သိရှိရပါသည်။
Linux Foundation သင်တန်းသည် Linux Command များ ၊ Linux File System များ တည်ဆောက်ခြင်းကို သိရှိနိုင်ပြီး Linux Server ကို အခြေခံအဆင့် ကိုင်တွယ်အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရှိရပါသည်။ e-Government တည်ဆောက်ရာတွင် Open Source အသုံးချခြင်းသည် ဌာနများ၏ ဒေတာအချက်အလက်လုံခြုံရေး၊ အသုံးစရိတ်လျော့ချရေးနှင့် နည်းပညာ ထိန်းချုပ်ခွင့်ကို ပိုမိုအားကောင်းစေရေး စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါသည်။ ဌာနအဖွဲ့အစည်းများတွင် Open Source ကို လေ့လာသိရှိ၍ အသုံးချတတ်လာနိုင်စေရန် ရည်ရွယ်ချက်၍ ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။
Basic Networking သင်တန်းသည် အခြေခံကွန်ပျူတာကွန်ရက် နည်းပညာများ၊ ကွန်ရက်ချိတ်ဆက်ရာတွင် အသုံးပြုသည့် Network Devices များအကြောင်းနှင့် အသုံးချ နည်းလမ်းများ၊ အင်တာနက် ပရိုတိုကောလ်လိပ်စာ စီမံခန့်ခွဲနည်းများ၊ LAN/WAN ကွန်ရက်များ ချိတ်ဆက်ခြင်းနှင့် အခြေခံ Switching/Routing နည်းပညာများ သိရှိနိုင်မည် ဖြစ်ပါသည်။
Linux Foundation နှင့် Basic Networking သင်တန်းသည် ရက်သတ္တပတ် ၃ ပတ် ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

