ASEAN ICT Awards 2021 ပြိုင်ပွဲ၏ ဆုပေးပွဲအခမ်းအနားအား အွန်လိုင်းဖြင့်ကျင်းပ

          အာဆီယံဒေသတွင်း အိုင်စီတီနည်းပညာဆိုင်ရာ တီထွင်ဆန်းသစ်မှုများကိုမြှင့်တင်နိုင်ရေး အတွက် ASEAN ICT Master Plan 2015၊ ASEAN ICT Master Plan 2020 နှင့် ASEAN Digital Master Plan 2025 များကို ဖော်ဆောင်သောအားဖြင့် ASEAN Digital Ministers’ Meeting (ADGMIN) နှင့် ASEAN Digital Senior Officials’ Meeting (ADGSOM) ၏ လုပ်ငန်းစီမံချက် အောက်တွင် ASEAN ICT Awards (AICTA) ပြိုင်ပွဲအား ၂၀၁၂ ခုနှစ်မှ စတင်၍ အာဆီယံအဖွဲ့ဝင် နိုင်ငံများက အင်္ဂလိပ်အက္ခရာစဉ်အလိုက်နှစ်စဉ်အလှည့်ကျတာဝန်ယူကျင်းပလျှက်ရှိရာ၂၀၂၁ခုနှစ် တွင် မလေးရှားနိုင်ငံနှင့် မြန်မာနိုင်ငံတို့မှ ပူးတွဲ Co-Organizing Country အဖြစ် တာဝန်ယူ ကျင်းပခဲ့ပါသည်။

          ASEAN ICT Awards 2021 ပြိုင်ပွဲသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ပြိုင်ပွဲဝင် အဖွဲ့ပေါင်း (၉၅)ဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး AICTA 2021 နောက်ဆုံးအဆင့်အကဲဖြတ်ခြင်း (Final Judging) ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၁၄)ရက်နေ့မှ(၁၅)ရက်နေ့အထိ (၂) ရက်ကြာ Zoom Platform ဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ Expert Judge များ၊တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့မှ Industry Judge များ ပါဝင်သော အကဲဖြတ်ဒိုင်များမှ ပြုလုပ်ခဲ့ပါသည်။

          AICTA 2021 ပြိုင်ပွဲ၏ ပြိုင်ပွဲကဏ္ဍ (၆) ခုတွင် Public Sector ကဏ္ဍ၏ GOLD Prize အား အင်ဒိုနီးရှားနိုင်ငံမှ JAKI ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Private Sector ကဏ္ဍ၏ GOLD Prize အား အင်ဒိုနီးရှားနိုင်ငံမှ Nodeflux ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Corporate Social Responsibility ကဏ္ဍ၏ GOLD Prize အား ဗီယက်နမ်နိုင်ငံမှ DrAidTM ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Digital Content ကဏ္ဍ၏ GOLD Prize အား ဘရူနိုင်းနိုင်ငံမှ Techism ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Startup Company ကဏ္ဍ၏ GOLD Prize အား ကမ္ဘောဒီးယားနိုင်ငံမှ PillTech POS and Ordering, TOVPET ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Research and Development ကဏ္ဍ၏ GOLD Prize အား ထိုင်းနိုင်ငံမှ Drone Detection System ခေါင်းစဉ်ဖြင့်လည်းကောင်း ရွှေတံဆိပ်များ ရရှိကြပြီး ကျန်ငွေတံဆိပ်နှင့်ကြေးတံဆိပ် ရရှိသူများအသီးသီးအားလည်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့တွင် မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် ကျင်းပပြုလုပ်ခဲ့သည့် ဒုတိယအကြိမ်မြောက် အာဆီယံဒီဂျစ်တယ်ဆိုင်ရာဝန်ကြီးများ အစည်းအဝေး၏ ဒုတိယရက်တွင် AICTA 2021 ဆုချီးမြှင့်ခြင်း အခမ်းအနားအား Virtually ဆုချီးမြှင့်ပေးခဲ့ပါသည်။