Advanced Excel /Advanced Networking Course I သင်တန်း

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ်အတွင်း (ဒုတိယအကြိမ်) Advanced Excel Course သင်တန်းနှင့် Advanced Networking Course I သင်တန်းများဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ (၂) ရက်နေ့ နံနက်ပိုင်းတွင် ရုံးအမှတ် (၂)၊ စုပေါင်းခန်းမတွင် ကျင်းပပြုလုပ်ရာ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း၊ ကျောင်းအုပ် ဒေါ်နှင်းခိုင်အေး၊ ဌာနအသီးသီးမှ အကြီးအကဲများ၊ သင်တန်းဆရာ/ဆရာမများ၊ သင်တန်းအထောက်အကူပြု တာဝန်ခံများ၊ ပြည်ထောင်စုဝန်ကြီးဌာန/ ဗဟိုအစိုးရအဖွဲ့အစည်းများမှ စုစုပေါင်းသင်တန်းသား (၅၃)ဦး တက်ရောက်ကြောင်း သိရှိရပါသည်။ 
ရှေးဦးစွာ သင်တန်းကျောင်းကျောင်းအုပ်မှ ပထမသင်တန်းဖြစ်သော Advanced Excel သင်တန်းသည် Excel အား ရိုးရိုးစာရင်းဇယားဆွဲသည့် program တစ်ခုမှ Powerful Analytics Tools တစ်ခုအနေဖြင့် အသုံးပြုပြီး Advanced Formulas နှင့် Functions များကို ကောင်းစွာနားလည် အသုံးချတတ်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း နှင့် ဒုတိယသင်တန်းဖြစ်သော Advanced Networking Course I သင်တန်းသည် Enterprise Level Network Architecture ကိုသိနားလည်၍ ကိုယ်တိုင်တည်ဆောက်သွားနိုင်စေရန်၊ လိုအပ်သော Switching, Routing နည်းပညာများကို Physical Devices များနှင့် လက်တွေ့ကျွမ်းကျင်စွာ ချိတ်ဆက်လုပ်ဆောင်နိုင်စေရန်၊ Network Performance ၊ Network Security ကောင်းမွန်အောင် ဆောင်ရွက်နိုင်စေရန်တို့အတွက် ရည်ရွယ်၍ ဖွင့်လှစ်ခြင်း ဖြစ်ကြောင်းတို့ကို ပြောကြားခဲ့ပါသည်။ 
ဆက်လက်ပြီး သင်တန်းကျောင်းကျောင်းအုပ်က တစ်နိုင်ငံလုံးအတိုင်းအတာနှင့် e-Government စနစ်ဖွံ့ဖြိုးတိုးတက်လာစေရန် အစိုးရဗဟိုရုံးများနှင့် ဝန်ကြီးဌာနအသီးသီးတို့ဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနသည် Focal Ministry အဖြစ်တာဝန်ယူဆောင်ရွက်နေသည့်နှင့် အညီ လူ့စွမ်းအားအရင်းအမြစ်များ အိုင်စီတီနည်းပညာ ဖွံ့ဖြိုးတိုးတက်စေရေး ကဏ္ဍတွင် သင်တန်းကျောင်းအနေဖြင့်  လုပ်ငန်းခွင် လက်တွေ့အသုံးချ အိုင်စီတီ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်ပို့ချနိုင်အောင် ဆောင်ရွက်ပေးနေကြောင်း၊ အဖွဲ့အစည်းအသီးသီးတွင် တာဝန်ထမ်းဆောင်နေသော သင်တန်းသား/သင်တန်းသူများ အနေဖြင့် နည်းပညာလျင်မြန်ဖွံ့ဖြိုးတိုးတက်လာသည့်ခေတ်တွင် ဆန်းသစ်တီထွင်နိုင်စွမ်းရှိစေရန် နည်းပညာအရည်အချင်းများ ပြည့်ဝဖို့လိုအပ်ကြောင်းနှင့် ပြည်သူ့ဝန်ထမ်းများပီပီ ပြည်သူကို ပိုမို မြန်ဆန်ထိရောက်စွာ ဝန်ဆောင်မှုများ ပေးနိုင်ရန် ICT နည်းပညာများ မပြတ်လေ့လာဆည်းပူး၍   e-Government စနစ် အောင်အောင်မြင်မြင် အကောင်အထည် ပေါ်လာသည်အထိ ဝိုင်းဝန်း ကြိုးစားသွားကြဖို့ တိုက်တွန်းပြောကြားခဲ့ပါသည်။
Advanced Excel ၊ Advanced Networking Course I သင်တန်းများ၏ သင်တန်းကာလမှာ (၂.၁.၂၀၂၃) ရက်နေ့မှ (၂၀.၁.၂၀၂၃) ရက်နေ့အထိ ရက်သတ္တပတ် (၃)ပတ်ကြာ ဖွင့်လှစ်သင်ကြားမည် ဖြစ်ကြောင်း သိရှိရပါသည်။ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးသင်တန်းကျောင်းသည် ပြည်ထောင်စုဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့အစည်းများမှ နိုင်ငံ့ဝန်ထမ်းများအား e-Government နှင့် ဆိုက်ဘာလုံခြုံရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှစ၍ ICT သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရှိရသည်။