“US-MYANMAR CYBERSECURITY AND DATA GOVERNANCE WORKSHOP” နေပြည်တော်တွင် ကျင်းပပြုလုပ်

“US-Myanmar Cybersecurity and Data Governance” အလုပ်ရုံ ဆွေးနွေးပွဲကို နေပြည်တော် Kempinski ဟိုတယ်၌ ယနေ့ မနက် ၀၉၀၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်းနှင့် မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်သံရုံး သံအမတ်ကြီး Mr. Scot Marciel တို့ တက်ရောက်၍ အဖွင့် အမှာစကား ပြောကြားခဲ့ပါသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ ဌာနဆိုင်ရာ အရာရှိကြီးများ၊ အမေရိကန်နိုင်ငံ သတင်းအချက် အလက်နှင့် ဆက်သွယ်ရေးနည်းပညာကောင်စီမှ ပညာရှင်များ၊ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ပြည်တွင်း၊ ပြည်ပမှ ပညာရှင်များ၊ ပြည်ထောင်စုဝန်ကြီးဌာန အသီးသီးနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များမှ Chief Information Officer (CIO) များတက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

အလုပ်ရုံဆွေးနွေးပွဲအား ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အသိအမြင်တိုးတက်စေရေး၊ မူဝါဒ ပိုင်းဆိုင်ရာ နိုင်ငံတကာ အလေ့အကျင့် ကောင်းများကို သိရှိနားလည်စေရေး၊ လူ့ စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် ရည်ရွယ်၍ ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၄ ရက်နေ့ တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး၊ “Digital Data Governance: Key Elements for a Data-Driven Economy”, “Myanmar Cybersecurity Landscape”, “NIST Cybersecurity Framework and International Policy Coordination”, “Components of a Zero Trust Security Architecture”, စသည့် ခေါင်းစဉ်များဖြင့် ပြည်တွင်း၊ ပြည်ပမှ ပညာရှင်များက ရှင်းလင်း ဆွေးနွေးခဲ့ကြပါသည်။

ထို့အပြင် “Cybersecurity Best Practices” ခေါင်းစဉ်ဖြင့် ပြည်တွင်းမှ ဆိုက်ဘာ လုံခြုံရေးဆိုင်ရာ ပညာရှင်များမှ “Ensuring Continuous Data Governance, Risk and Compliance in Cyber Security Space”, “Insight on Building and Running a Security Operation Center”, “Advanced Threat Simulations to Strengthen Enterprise Security” နှင့် “Integrated Cyber Security Solutions” စသည့် ရှု့ထောင်များမှ ပါဝင်၍ စကားဝိုင်း ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြ ကြောင်းသိရှိရပါသည်။