သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန Advanced Excel Course နှင့် Windows Server Administration Course - I သင်တန်းဖွင့်ပွဲအခမ်းအနား

၂၀၂၁ ခုနှစ် ဇန်နဝါရီလ (၁၈) ရက်

         ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး သင်တန်းကျောင်းတွင် ကြီးမားရှုပ်ထွေးသည့် ဒေတာများကိုအသုံးပြု၍ ဘတ်ဂျက်တွက်ချက်ရန် ၊ အစီရင်ခံစာများပြင်ဆင်၍ Chart, Graphic များဖြင့်ဖော်ပြရန်၊ တူညီသောလုပ်ငန်းစဉ်များအတွက် တစ်ကြိမ်သာ ပြင်ဆင်ရုံဖြင့် ကြိမ်ဖန်များစွာအသုံးပြုနိုင်ရန်နှင့် Data Analyzer/ Developer တစ်ဦးအနေဖြင့် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်သော Advanced Excel Course သင်တန်း နှင့် Windows Server Operating System နှင့် Windows Application Server (Active Directory Domain Services, Internet Information Services, Domain Name System, DHCP Services) တို့ကို အခြေခံ အားဖြင့် Installation, Configuration, နှင့် Operation တို့ကို စာတွေ့လက်တွေ့ ပြုလုပ်နိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်သော Windows Server Administration Course - I သင်တန်းများကို ၂၀၂ခုနှစ် ဇန်နဝါရီလ (၁၈) ရက်နေ့ နံနက်ပိုင်းတွင် Microsoft 365 Team အသုံးပြု၍ Online Learning System ဖြင့် သင်တန်းဖွင့်ပွဲ အခမ်းအနားကိုကျင်းပပြုလုပ်ကြောင်း သိရပါသည်။

        Advanced Excel Course သင်တန်းကာလမှာ (၁၈--၂၀၂) ရက်နေ့မှ (--၂၀၂) ရက်နေ့အထိ (၁) ရက် နှင့် Windows Server Administration Course - I သင်တန်းကာလမှာ (၁၈--၂၀၂) ရက်နေ့မှ (--၂၀၂) ရက်နေ့အထိ (၁) ရက် ဖြစ်ပြီး Advanced Excel Course သင်တန်းတွင် ပြည်ထောင်စုဝန်ကြီးဌာနနှင့် အစိုးရ အဖွဲ့အစည်း (၂၃) ခုမှ သင်တန်းသား (၄၄) ဦးနှင့် Windows Server Administration Course - I သင်တန်း တွင် ပြည်ထောင်စုဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့အစည်း (၂၆) ခုမှ သင်တန်းသား (၄၃) ဦးဖြင့် စုစုပေါင်းသင်တန်းသား (၈၇) ဦး တက်ရောက်ကြောင်း သိရပါသည်။ သင်တန်းတွင်   အွန်လိုင်း သင်ကြားရေးစနစ်ကို အသုံးပြု၍ ဖွင့်လှစ်သင်ကြားသည့် ဖြစ်ကြောင်း သိရပါသည်။    

          သင်တန်းဖွင့်ပွဲသို့ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး သင်တန်းကျောင်း၊ ကျောင်းအုပ် ဒေါ်ခင်ဆွေဌေးနှင့် ဌာနမှ တာဝန်ရှိသူများတက်ရောက်ခဲ့ပြီး  သင်တန်းကျောင်း၊  ကျောင်းအုပ် ဒေါ်ခင်ဆွေဌေး က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

         သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး သင်တန်းကျောင်းသည် ပြည်ထောင်စု ဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့အစည်းများမှ နိုင်ငံ့ဝန်ထမ်းများအား e-Government နှင့် ဆိုက်ဘာလုံခြုံရေး လုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၁၆- ၂၀၁၇ ဘဏ္ဍာရေး နှစ်မှစ၍ ICT သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက် ရှိကြောင်း သိရှိရသည်။

ITCS သင်တန်းကျောင်း