ရန်ကုန် - မော်လမြိုင် - ရန်ကုန် ရထားလမ်းပိုင်း၌ အမှတ်(၈၉)အဆန် လူစီးရထားခရီးစဉ်တွင် ရထားစီးနင်းသူ များပြား

နေပြည်တော်၊ ဧပြီ ၁၁

ရန်ကုန်-မော်လမြိုင်-ရန်ကုန်ရထားလမ်းပိုင်း၌ ခရီးသွားမိဘပြည်သူများ ခရီးသွားလာမှု အဆင်ပြေ စေရန်အတွက် မတ်လ ၂၉ ရက်နေ့မှစ၍ စတင်ပြေးဆွဲပေးခဲ့ပါသည်။
ယနေ့ နံနက်(၆)နာရီခွဲတွင် မဟာသင်္ကြန်ကာလအတွင်း ခရီးသွား မိဘပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရန် အမှတ်(၈၉)အဆန် ရန်ကုန်-မော်လမြိုင် လူစီးရထား ပြေးဆွဲပေးခဲ့ရာ Covid-19 ကာကွယ်ရေး စည်းကမ်းချက်များနှင့် အညီ နှစ်ခုံ တစ်ယောက်နှုန်းဖြင့် ရန်ကုန်ဘူတာကြီးမှ ရထားစီး ခရီးသည် အထက်တန်း(၃၈)ဦး ၊ ရိုးရိုးတန်း (၅၅)ဦး၊ သိမ်ဇရပ်ဘူတာမှ ရိုးရိုးတန်း ရထားစီး ခရီးသည်(၁၉)ဦး၊ စုစုပေါင်း (၁၁၂)ဦးတို့ လိုက်ပါ စီးနင်းခဲ့ပြီး ခရီးသည် စီးနင်းမှု တဖြည်းဖြည်း များပြားလျက်ရှိပါသည်။
ထိုနည်းတူ ဧပြီလ ၁၈ ရက်နေ့တွင် အမှတ်(၉၀) အစုန်လူစီးရထား ပြေးဆွဲပေးမည်ဖြစ်ကာ မော်လမြိုင်မြို့မှ နံနက် (၈)နာရီတွင် ထွက်ခွာ၍ ရန်ကုန်မြို့သို့ ည(၇)နာရီတွင် ဆိုက်ရောက်မည် ဖြစ်ပါသည်။
ခရီးသည်စီးနင်းမှု များပြားလာသည်နှင့်အမျှ ရထားတွဲဆိုင်းများ ပိုမိုချိတ်ဆက်ခြင်း၊ တစ်ရက်ခြား ပြေးဆွဲရာမှ နေ့စဉ် ပြေးဆွဲပေးခြင်းနှင့် ရထားအစင်းရေ တိုးမြှင့်ခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး  ရန်ကုန်-မော်လမြိုင်-ရန်ကုန်ခရီးစဉ်ဖြင့် လိုက်ပါစီးနင်းလိုသည့် ခရီးသွားမိဘပြည်သူများ၊ ဝန်ထမ်းများ အနေဖြင့် လုံခြုံစိတ်ချစွာ လိုက်ပါစီးနင်းနိုင်ပါကြောင်း သတင်းရရှိပါသည်။

မြန်မာ့မီးရထား