မြေငလျင်သတင်း

မြေငလျင်သတင်း

(မြန်မာစံတော်ချိန် ၂၂:၀၀ နာရီ အချိန်ထုတ်ပြန်ချက်)

 

           ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့၊ မြန်မာစံတော်ချိန် (၂၁)နာရီ(၄၉)မိနစ်(၅၃)စက္ကန့် အချိန်တွင် ကျိုင်းတုံမြေငလျင်စခန်းမှ အရှေ့-အရှေ့မြောက်ဘက် (၂၀)မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မိုင်းလားမြို့၏ တောင်-အနောက်တောင်ဘက် (၂၂) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၁.၃၈)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၉.၈၈)ဒီဂရီ၊ အနက် (၇)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၇)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။