မြန်မာနိုင်ငံဆက်သွယ်ရေးကြီးကြပ်မှု ကော်မရှင်ဥပဒေ(မူကြမ်း)အား Public Consultation ပြုလုပ်သည့်နေ့ရက် တိုးမြှင့်သတ်မှတ်ခြင်း

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံဆက်သွယ်ရေးကြီးကြပ်မှု ကော်မရှင်ဥပဒေ(မူကြမ်း) (Myanmar Communications Regulatory Commission - MCRC Law Draft) အား ၅-၄-၂၀၁၇ ရက်နေ့မှ ၃၁-၅-၂၀၁၇ ရက်နေ့အထိ အများပြည်သူအနေဖြင့် အကြံပြု သဘောထားမှတ်ချက်ပြုနိုင်ကြောင်း ဝန်ကြီးဌာန၏ Website တွင် အများပြည်သူ ဖတ်ရှုအကြံပြုနိုင်ရေး လွှင့်တင်ခဲ့ပါသည်။
    ထိုသို့ အများပြည်သူဖတ်ရှုအကြံပြုနိုင်ရေး လွှင့်တင်ခြင်းနှင့်အတူ ၅-၅-၂၀၁ရရက်နေ့တွင် ရုံးအမှတ်(၂)၊ နေပြည်တော်၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ အော်ပရေတာ(၄)ဦးနှင့် NFS(I) လိုင်စင်ရရှိသူများအား ဖိတ်ခေါ်ကာ Industry Consultation ပြုလုပ်ဆောင်ရွက်ခြင်း၊                  ၁၅-၅-၂၀၁၇ ရက်နေ့တွင် ရန်ကုန်မြို့၊ ပုဇွန်တောင်ဆက်သွယ်ရေးသင်တန်းကျောင်း၌ စိတ်ပါဝင်စားသူအားလုံး တက်ရောက်ဆွေးနွေးနိုင်သည့် Public Consultation ပြုလုပ်ဆောင်ရွက်ခြင်း နှင့် ၁၈-၅-၂၀၁၇ ရက်နေ့တွင် ဆက်စပ်ဝန်ကြီးဌာနအားလုံးဖိတ်ကြားကာ အကြံပြုချက်များ ရယူဆောင်ရွက်ခြင်းတို့ကို ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
    ထိုကဲ့သို့ Consultation များပြုလုပ်ဆောင်ရွက်ခဲ့ရာတွင် အများပြည်သူအနေဖြင့် အကြံပြု ချက်များ ထပ်မံပေးပို့နိုင်ရေးအတွက် အချိန်ကာလပိုမိုလိုအပ်ကြောင်း အကြံပြုတင်ပြခဲ့ကြပါသည်။ သို့ဖြစ်ပါ၍ အများပြည်သူအနေဖြင့် မြန်မာနိုင်ငံဆက်သွယ်ရေးကြီးကြပ်မှုကော်မရှင်ဥပဒေ (မူကြမ်း) အပေါ် လိုအပ်သည်များထပ်မံအကြံပြုနိုင်ရန်နှင့် ဝန်ကြီးဌာနအနေဖြင့်လည်း မြန်မာနိုင်ငံဆက် သွယ်ရေးကြီးကြပ်မှုကော်မရှင်ဥပဒေ (မူကြမ်း) အား ပိုမိုပြည့်စုံစွာရေးဆွဲနိုင်စေရေးအတွက် Public Consultation ပြုလုပ်သည့် အချိန်ကာလအား ၃၀-၆-၂၀၁၇ ရက်နေ့အထိ တိုးမြှင့်သတ်မှတ်ထား ပါကြောင်းနှင့်အကြံပြုချက်များအား [email protected] နှင့် [email protected] သို့ ပေးပို့အကြံပြုနိုင်ပါကြောင်း ထပ်မံအသိပေးဖိတ်ခေါ်အပ်ပါသည်။