ပျဉ်းမနား- တောင်တွင်းကြီး-ပျဉ်းမနား အမှတ်(၁၀၃)အဆန်၊အမှတ်(၁၀၄)အစုန် RBE ရထားပြေးဆွဲမည်

နေပြည်တော် မေ ၁၂

          ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားသည် ရထားစီး ခရီးသွား မိဘပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ရထားလမ်းပိုင်းအသီးသီးတွင် ရထားများ ပြေးဆွဲပေးလျက်ရှိရာ ယခုထပ်မံ၍ ပျဉ်းမနား - တောင်တွင်းကြီး လမ်းပိုင်း၌ အမှတ်(၁၀၃) အဆန်၊ အမှတ်(၁၀၄) အစုန် RBE ရထားကို ပြေးဆွဲပေးသွားမည်ဖြစ်သည်။

          ၂၀၂၁ခုနှစ်၊ မေလ ၁၅ ရက်နေ့မှစ၍ ပျဉ်းမနား -တောင်တွင်းကြီး - ပျဉ်းမနား  ခရီးစဉ်၌ အမှတ် (၁၀၃) အဆန်၊ အမှတ်(၁၀၄)အစုန် ရထားအား RBE (၂)တွဲဖြင့် စတင် ပြေးဆွဲပေးမည်ဖြစ်ပြီး အမှတ်(၁၀၃)အဆန်ရထားသည် ပျဉ်းမနားမှ နေ့စဉ် နံနက် ၆ နာရီ ထွက်ခွာပြီး တောင်တွင်းကြီးသို့ နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် ရောက်ရှိမည်ဖြစ်ပါသည်။ အဆိုပါ ရထားသည်အမှတ်(၁၀၄)အစုန်ရထားအဖြစ် တောင်တွင်းကြီးမှ နေ့စဉ် မွန်းတည့် ၁၂ နာရီထွက်ခွာ၍ ပျဉ်းမနားသို့ ညနေ ၄ နာရီ ၁၅ မိနစ်တွင် ရောက်ရှိမည်ဖြစ်ပြီး ဘူတာစဉ် ရပ်တန့်ပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

မြန်မာ့မီးရထား