ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း သင်တန်းဆင်းပွဲအခမ်းအနားကျင်းပပြုလုပ်

မိတ်ထီလာ၊ မေ ၇

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း၊ အောင်ဆန်းခန်းမ၌ မေလ ၇ ရက်နေ့ နံနက် ၀၈၃၀ နာရီတွင် Logistics & Supply Chain Management သင်တန်းအမှတ်စဉ် (၁/ ၂၀၂၀)၊ ရုံပိုင် (ဉာဏ်သစ်လောင်း) သင်တန်းအမှတ်စဉ် (၄၁/၂၀၂၀)၊ လ/ ထ ကြီးကြပ်ရေးမှူးရထားထိန်း (အထူး) သင်တန်းအမှတ်စဉ် (၅/၂၀၂၀)၊ IP Networking သင်တန်းအမှတ်စဉ် (၃/၂၀၂၀)၊ ကွန်ပျူတာနှင့်အင်္ဂလိပ်စကားပြောသင်တန်း အမှတ်စဉ် (၄/၂၀၂၀) သင်တန်းများဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားတွင် ကျောင်းအုပ်ကြီးဦးမင်းချစ်ဦး က သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပါသည်။

ယင်းနောက် ဒုတိယကျောင်းအုပ်ကြီး ဦးဝင်းနိုင် က သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ချီး​မြှင့်ခဲ့ပါသည်။

ဆက်လက်၍ကျောင်းအုပ်ကြီးက သင်တန်းတွင်ထူးချွန်စွာ အောင်မြင်ခဲ့ကြသူများကို ပထမ၊ ဒုတိယ၊ တတိယ၊ ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ထို့နောက်ကျောင်းအုပ်ကြီးက သင်တန်းဆင်းသင်တန်းသူ/သားများကို ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့ပါသည်။

                     ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း