ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ၊ မြန်မာ့မီးရထားမှ မဟာသင်္ကြန်ကာလအတွင်း ရန်ကုန်-နေပြည်တော်-ရန်ကုန်ခရီးစဉ်၊နေပြည်တော်-မန္တလေး-နေပြည်တော်ခရီးစဉ်၊ ရန်ကုန်-မော်လမြိုင်-ရန်ကုန်ခရီးစဉ်များပြေးဆွဲမည်

နေပြည်တော် ဧပြီ  ၈

 

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ၊ မြန်မာ့မီးရထားသည် မဟာသင်္ကြန်ကာလ အတွင်း ခရီးသွားမိဘပြည်သူများ နှင့် ဌာနဆိုင်ရာဝန်ထမ်းများ အဆင်ပြေစွာခရီးသွားလာနိုင်ရန် အတွက် ရန်ကုန်-နေပြည်တော်-ရန်ကုန်ခရီးစဉ်နှင့် နေပြည်တော်-မန္တလေး-နေပြည်တော်ခရီးစဉ်၊  ရန်ကုန်-မော်လမြိုင်-ရန်ကုန်ခရီးစဉ်များကို အောက်ဖေါ်ပြပါနေ့ရက်/အချိန်များအတိုင်း ပြေးဆွဲ ပေးသွားမည်ဖြစ်ပါသည်-

MR News (9-4-2021)

ရန်ကုန်-နေပြည်တော်-ရန်ကုန် ခရီးစဉ်အတွင်းလမ်းခရီး၌ တိုးကြောင်ကလေး ၊ ပဲခူး ၊ ဒိုက်ဦး ၊ ညောင်လေးပင် ၊ ကျောက်တံခါး ၊ ကညွတ်ကွင်း ၊ ဖြူး ၊ တောင်ငူ ၊ ရေတာရှည် ၊ ရေနီ ၊ ဧလာ၊ပျဉ်းမနားစသည့်ဘူတာများ၌လည်းကောင်း၊နေပြည်တော်-မန္တလေးခရီးစဉ်အတွင်း ဘူတာစဉ် ၌လည်းကောင်း၊ ရန်ကုန်-မော်လမြိုင်-ရန်ကုန်ခရီးစဉ်၌ တိုးကြောင်ကလေး၊ ပဲခူး၊ ဝေါ၊ သိမ်ဇရပ်၊ မုပ္ပလင်၊ ကျိုက္ကသာ၊ ကျိုက်ထို၊ မရမ်းကုန်း၊ တောင်စွန်း၊ နှင်းပုလဲ၊ သိမ်ဆိပ်၊ သထုံ၊ ရင်းညိမ်၊ ပေါင် စသည့်ဘူတာများ၌လည်းကောင်းရပ်တန့်ပေးသွားမှာဖြစ်ပါသည်။

ဧပြီလ(၁၃)ရက်နေ့ထွက်ခွာမည့် အမှတ်(၈)အစုန်ရထား ၊ ဧပြီ(၁၉)ရက်နေ့တွင် ထွက်ခွာ မည့်အမှတ်(၇)အဆန်ရထားဖြင့် ရထားစီးခရီးသွားမိဘပြည်သူများသည် အထက်တန်းလက်မှတ် အား(၃)ရက် ကြိုတင်၍ လည်းကောင်း ၊ ရိုးရိုးတန်းလက်မှတ်အား (၁)ရက်ကြိုတင်၍ လည်းကောင်း ရောင်းချပေးသွားမှာဖြစ်ကြောင်းနှင့်ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် လျှောက်လွှာများဖြင့်ကြိုတင် ဝယ်ယူနိုင်ကြောင်းသိရှိပါသည်။

မြန်မာ့မီးရထား