ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ

ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ဩဂုတ်လအတွင်း လုပ်ငန်းဆောင်ရွက်မှု

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ သင်္ဘောသားဌာနခွဲအနေဖြင့် သင်္ဘောသား အလုပ်အကိုင်နေရာချထားသည့် ဝန်ဆောင်မှုလုပ်ငန်း (SRPS)ကုမ္ပဏီများ၏ လုပ်ငန်းဆောင်ရွက်ချက်များကို ကြီးကြပ်ခြင်း၊ မြန်မာသင်္ဘောသားများ နှင့်ရေယာဉ်ပိုင်ရှင်များအကြား အလုပ်ရှင်/အလုပ်သမား စာချုပ်စည်းကမ်းဆိုင်ရာ ကိစ္စရပ်များကို ကြီးကြပ်ဆောင်ရွက်ခြင်း၊ သင်္ဘောသားမှတ်ပုံတင်နှင့် လုပ်သက်မှတ်တမ်းစာအုပ်(SIRB)နှင့် အထောက် အထားလက်မှတ်(SID)များ ထုတ်ပေးခြင်း၊ မြန်မာသင်္ဘောသားများ၏ အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိစေရေးနှင့် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းများ၊ တည်ဆဲဥပဒေများနှင့်အညီ သင်္ဘောသားများ၏ ရပိုင်ခွင့်များ ကာကွယ်ပေးခြင်းကိစ္စများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။  SRPS ကုမ္ပဏီ(၁၉၃)ခုမှ နိုင်ငံခြားသင်္ဘောများပေါ်သို့ တာဝန်ထမ်းဆောင်ရန် မြန်မာသင်္ဘောသား (၃၀၀၀)ကျော်အား လစဉ်စေလွှတ် ပေးလျက်ရှိပါသည်။

လက်ရှိအနေအထားအရ သက်တမ်းရှိ  SIRB စာအုပ်ကိုင်ဆောင်သူ သင်္ဘောသား(၇၅၃၅၇)ဦး၊ အမျိုးသမီးသင်္ဘောသားလူသစ် (၄၄၆) ဦးရှိပြီး သင်္ဘောပေါ်တွင် တာဝန်ထမ်းဆောင်သူ အမျိုးသမီး သင်္ဘောသား(၂၄၁)ဦး အပါအဝင် သင်္ဘောပေါ်တွင်တာဝန်ထမ်းဆောင်နေသူ စုစုပေါင်း Onboard လူဦးရေ(၃၀၁၈၆) ဦးရှိပါသည်။  သင်္ဘောသားများ၏ ရပိုင်ခွင့်၊ အလုပ်ခွင်အခြေအနေနှင့် အခွင့်အရေးများ ဆုံးရှုံး နစ်နာမှု မရှိစေရေးအတွက် ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ သင်္ဘောသားဌာနခွဲ၊ မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသား ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (MSESF) မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ်(MSF)၊ မြန်မာ့ကြယ်ငါးပွင့်သင်္ဘော လုပ်ငန်း တို့နှင့် ပုံမှန်နှစ်လတစ်ကြိမ် (Tripartite Committee) အစည်းအဝေးများ ကျင်းပ ပြုလုပ် လျက်ရှိပြီး၊ Standard Collective Bargaining Agreement (CBA) တစ်ခုရရှိရေးအတွက် (၁၆-၆-၂၀၂၂)ရက်နေ့မှ စတင်၍ (၃၀-၈-၂၀၂၃) ရက်နေ့အထိ သင်္ဘောသား ဌာနခွဲနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ MSESF၊ MSF၊ မြန်မာ့ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်း၊ မြန်မာနိုင်ငံရေကြောင်း ပညာရှင်များအသင်း၊ မြန်မာနိုင်ငံရေကြောင်းအင်ဂျင်နီယာများ အသင်းတို့မှ တာဝန်ရှိသူများနှင့် ကျွမ်းကျင် ပညာရှင်များ အပါအဝင် အစည်းအဝေးများ ဆက်တိုက်ပြုလုပ်၍ ဆွေးနွေးညှိနှိုင်း ခဲ့မှုကြောင့် ယခုအခါ Standard CBA တစ်ခု ရေးဆွဲပြီးစီး၍ သက်ဆိုင်သူများအကြား လက်မှတ် ရေးထိုးအတည်ပြုနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

Collective Bargaining Agreement အစည်းအဝေးကျင်းပပြုလုပ်ခြင်း

Collective Bargaining Agreement အစည်းအဝေး ကျင်းပပြုလုပ်ခြင်း