Training Center

သင်တန်းကျောင်းသတင်းများ

၂၀၂၄ ခုနှစ် ၊ မတ်လ ၊ ( ၂၅ ) ရက်

The Future CIO Leader သင်တန်းဖွင့်ပွဲ အခမ်းအနား

၂၀၂၄ ခုနှစ် ၊ မတ်လ ၊ ( ၂၂ ) ရက်

Data Analytics and Power BI သင်တန်း၏ သင်တန်းဖွင့်ပွဲ

၂၀၂၄ ခုနှစ် ၊ မတ်လ ၊ ( ၂၀ ) ရက်

The Future CIO Leader သင်တန်း၏ သင်တန်းဆင်းပွဲ

သင်တန်းကျောင်း

နိုင်ငံ၏ e-Government စနစ်နှင့် ဆိုက်ဘာလုံခြုံရေးစနစ်သည် ဒေသတွင်းနိုင်ငံများတွင် အမြင့်ဆုံးအဆင့် ရောက်ရှိစေရန်ရည်ရွယ်၍ အိုင်စီတီစွမ်းဆောင်ရည် မြင့်မားသော နိုင်ငံ့ ဝန်ထမ်းများ စဉ်ဆက်မပြတ် မွေးထုတ်ပေးရန်နှင့် နိုင်ငံတကာ အသိအမှတ်ပြု သင်တန်းကျောင်း ဖြစ်လာစေရန် ဖြစ်ပါသည်။

ရည်မှန်းချက်

  • ၁. အိုင်စီတီစွမ်းဆောင်ရည် မြင့်မားသော နိုင်ငံ့ဝန်ထမ်းများ အထူးသဖြင့် Chief Information Officer (CIO)၊ Assistant Chief Information Officer (ACIO)၊ Chief Information Security Officer (CISO) နှင့် အိုင်တီပညာရှင်များ စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရန် ဆောင်ရွက်ခြင်း

  • ၂. ဝန်ကြီးဌာနများ၏ Digital Government အသွင်ကူးပြောင်းရေးတွင် နိုင်ငံ့ဝန်ထမ်းများအားလုံး အိုင်စီတီနည်းပညာများ၊ ဆိုက်ဘာလုံခြုံရေးပညာများနှင့် အကျွမ်းတဝင်ရှိအောင် သင်ကြားပို့ချ ပေးခြင်း

  • ၃. ဦးစီးဌာန၏ ရည်မှန်းချက်နှင့် ကိုက်ညီသော နည်းပညာနှင့် အုပ်ချုပ်မှုဆိုင်ရာ သင်တန်းများ ဖွင့်လှစ်ခြင်း၊ သုတေသနပြုခြင်း

  • ၄. လုပ်ငန်းခွင်တွင် ဘက်စုံထူးချွန်သောဆရာများ ဖြစ်လာစေရန် ပြည်တွင်း၊ ပြည်ပ သင်တန်းများ စေလွှတ်ခြင်းနှင့် ဌာနအချင်းအချင်း ပူးပေါင်းဆောင်ရွက်ခြင်း

  • ၅. ပြည်တွင်း၊ပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ သင်တန်း၊ အလုပ်ရုံ ဆွေးနွေးပွဲ၊ ဆီမီနာ၊ ဖိုရမ်များ ကျင်းပပေးခြင်း

သင်တန်းကျောင်း ဓါတ်ပုံမှတ်တမ်းများ

1 / 4
2 / 4
3 / 4
4 / 4

နှစ်အလိုက် သင်တန်းသားဦးရေ

ပညာသင်နှစ်

၂၀၁၆-၂၀၁၇

၂၀၁၇-၂၀၁၈

၂၀၁၈ (၆လ)

၂၀၁၈-၂၀၁၉

၂၀၁၉-၂၀၂၀

၂၀၂၀-၂၀၂၁

၂၀၂၁-၂၀၂၂ (မတ်လ)

၂၀၂၂-၂၀၂၃ (မေလ)

အကြိမ်ရေ

၁၁ ကြိမ်

၁၈ ကြိမ်

၁၂ ကြိမ်

၃၂ ကြိမ်

၁၇ ကြိမ်

၅ ကြိမ်

၁၃ ကြိမ်

၃ ကြိမ်

သင်တန်းသားဦးရေ

၃၀၉ ဦး

၅၈၉ ဦး

၄၄၉ ဦး

၁၁၃၅ ဦး

၅၃၂ ဦး

၂၁၂ ဦး

၂၇၇ ဦး

၈၂ ဦး

စုစုပေါင်း ၁၁၀ ကြိမ် ၃၅၈၅ ဦး

သင်ကြားပို့ချပေးလျက်ရှိသော သင်တန်းများ

ဝန်ကြီးဌာနများရှိ ဝန်ထမ်းများ၏ အိုင်စီတီနည်းပညာများ၊ ဆိုက်ဘာလုံခြုံရေးပညာများ မြှင့်မားလာစေရန် ရည်ရွယ်၍ စဉ်ဆက်မပြတ်သင်တန်းများ ပေးပို့လျက်ရှိပါသည် -

 

(၁) ရုံးလုပ်ငန်းသုံးကွန်ပျူတာနည်းပညာများ

(၂) Networking သင်တန်းများ

(၃) Programming သင်တန်းများ

(၄) Server & Application သင်တန်းများ

(၅) Cyber Security သင်တန်းများ

(၆) E-government နှင့်သက်ဆိုင်သော သင်တန်းများ

(၇) ရုံးလုပ်ငန်းဆိုင်ရာသင်တန်းများ

(၈) ပြည်တွင်း၊ ပြည်ပ ပူးပေါင်းဖွင့်လှစ်သော နည်းပညာသင်တန်းများ

 

  1. သင်တန်းများ

သင်တန်းကျောင်းလှုပ်ရှားမှုများ

ICT for Promoting e-Government သင်တန်းဖွင့်လှစ်ခြင်း



သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီး ဌာန၊သင်တန်းကျောင်း တွင် ICT for Promoting e-Government သင်တန်းအား သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ သင်တန်းကျောင်း နှင့် Ministry of Internal affairs and Communications ( MIC ), Japan တို့ပူးပေါင်း၍ (၁၆.၁.၂၀၁၇) ရက်နေ့တွင် သင်ကြားပို့ချခဲ့ပါသည်။

Software Defined Data Center for Fast Government Services အခမ်းအနားကျင်းပခြင်း



CIO/ACIO များ၊ System Administrator နှင့် Web Administrator များအား အစိုးရ၏ လုပ်ငန်းဆောင်တာများ လုပ်ကိုင်ဆောင်ရွက်ရာတွင် နည်းပညာပိုင်းဆိုင်ရာ ဘာသာရပ် များ ကျွမ်းကျင်ပြီး အရည်အသွေးများတိုးတက်မြင့်မားလာစေ ရန် ရည်ရွယ်၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ US-ICT Council for Myanmar နှင့် Cisco System (Myanmar) Co; Ltd တို့ ပူးပေါင်း၍ကျင်းပသော “ Software Defined Data Center for Fast Government Services ” အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၉ခုနှစ်၊ မတ်လ (၁၃)ရက်နေ့တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရုံးအမှတ်(၂)၊ နေပြည်တော်၌ ကျင်းပခဲ့ကြောင်း သိရပါသည်။

e-Government အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး ဆပ်ကော်မတီ ပြည်နယ်နှင့်တိုင်းဒေသအသီးသီးတွင် အခြေခံကွန်ပျူတာသင်တန်းများ ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခြင်း


ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်းက ကြီးမှူး၍ Server/Data Center Administrator များ၊ ACIO နှင့် CIO များ တက်ရောက်သည့် နည်းပညာအထောက်အကူပြု သင်တန်း Data Center Design/Requirement and Enterprise Storage Architecture ကို ATG Systems Company Limited နှင့် ပူးပေါင်းကာ စက်တင်ဘာလ (၂၆)ရက်နေ့က နေပြည်တော်၊ ရုံးအမှတ်(၂)၊ သင်တန်းကျောင်း၌ ဖွင့်လှစ်ခဲ့ကြောင်း သိရပါသည်။