ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာ လုံခြုံရေးဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး သင်တန်းကျောင်း ၏ ၂၀၂၅-၂၆ လေ့ကျင့်သင်ကြားရေးနှစ်အတွင်း Data Analysis and Visualization with Python သင်တန်းနှင့် Cloud Native Infrastructure (Open Stack) သင်တန်းများ၏ သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် ရုံးအမှတ် (၂)၊ စုပေါင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း ကျောင်းအုပ် ဒေါ်နှင်းခိုင်အေးနှင့် တကွ ဌာနအကြီးအကဲများ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာန အသီးသီးမှ သင်တန်းသား/သင်တန်းသူများ စုစုပေါင်း ၄၅ ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
ရှေးဦးစွာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာ နှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း ကျောင်းအုပ်က Python Programming ကို အသုံးပြု၍ ဒေတာများကို အဆင့်ဆင့် စနစ်တကျ စီမံခန့်ခွဲနိုင်ခြင်း၊ Data Visualization နည်းလမ်းများဖြင့် ဒေတာများကို ရှင်းလင်းလွယ်ကူစွာ ဖော်ပြနိုင်ခြင်း၊ ဒေတာများမှ အဓိက တွေ့ရှိချက်များကို ကောက်နှုတ်ပြီး အနှစ်ချုပ်ပုံစံဖြင့် တင်ပြနိုင်ခြင်းတို့ကို ဆောင်ရွက်နိုင်မည့် Data Analytics ကျွမ်းကျင်မှုများကို ရရှိနိုင်စေရန် ရည်ရွယ်၍ Data Analysis and Visualization with Python သင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ဒုတိယကြိမ် ဖွင့်လှစ်ပို့ချမည့် Cloud Native Infrastructure (Open Stack) သင်တန်းသည် OpenStack နှင့် Cloud Native Architecture ကို အခြေခံ၍ Virtualization၊ Containerization နှင့် Orchestration နည်းပညာများကို လေ့လာသိရှိနိုင်စေရန်နှင့် Enterprise Level Private Cloud Deployment များ လက်တွေ့လုပ်ဆောင်နိုင်စေရန် ရည်ရွယ်၍ Physical Devices များဖြင့် စာတွေ့လက်တွေ့ သင်ကြားပို့ချပေးမည် ဖြစ်ကြောင်း သိရှိရပါသည်။
Data Analysis and Visualization with Python သင်တန်းကို သင်တန်းကာလ ၂ ပတ် နှင့် Cloud Native Infrastructure (Open Stack) သင်တန်းကို သင်တန်းကာလ ၃ပတ်ကြာ အသီးသီး ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

