ဆက်သွယ်ရေးညွှန်ကြားမှု-ဦးစီးဌာန-ဖွဲ့စည်းပုံ

ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန၏ ဖွဲ့စည်းပုံ

ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန/ ဖွဲ့စည်းပုံ

  • ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနကို ၁၉၇၂ ခုနှစ် ၊ မတ်လ (၁၅) ရက်နေ့တွင် အရာထမ်း (၉) ဦး ၊ အမှုထမ်း(၄၀)ဦး ၊ စုစုပေါင်း (၄၉) ဦး ပါဝင်သော အဆင့်(၃) ဦးစီးဌာနဖြင့် စတင်ဖွဲ့စည်းခဲ့ပါသည်။
  • ၁၉၉၉ ခုနှစ် ၊ ဖေဖော်ဝါရီလ (၁၁)ရက်နေ့တွင်ကျင်းပသည့် အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၇/၉၉)မှ သဘောတူခွင့်ပြုချက်အရ အရာထမ်း (၁၆) ဦး၊ အမှုထမ်း (၆၁)ဦး ၊ စုစုပေါင်း (၇၇)ဦးပါဝင်သော အဆင့်(၂) ဦးစီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။
  • ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ (၁၇) ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးအဖွဲ့ အစည်းအဝေးအမှတ်စဉ် ( ၃/ ၂၀၁၃ ) မှ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနကို အရာထမ်း (၁၉၆) ဦး၊ အမှုထမ်း ( ၆၂၃ ) ဦး ၊ စုစုပေါင်းဝန်ထမ်း (၈၁၉)ဦး ဖြင့် အဆင့်(၁)ဦးစီးဌာနအဖြစ်သို့ တိုးမြှင့်ပြင်ဆင်ဖွဲ့စည်းရန် သဘောတူဆုံးဖြတ်ခဲ့ပါသည်။
  • ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ (၁၅) ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် ( ၂ /၂၀၁၅ ) မှ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနကို အရာထမ်း (၁၆၃) ဦး၊အမှုထမ်း (၅၆၆) ဦး ၊ စုစုပေါင်းဝန်ထမ်း (၇၂၉)ဦးဖြင့် အဆင့်(၁) ဦးစီးဌာနအဖြစ်သို့ပြောင်းလဲပြင်ဆင်ဖွဲ့စည်းရန် သဘောတူဆုံးဖြတ်ခဲ့ပါသည်။
  • ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ကို ၁၉၇၂ ခုနှစ် ၊ မတ်လ (၁၅) ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပြီး လက်ရှိဖွဲ့စည်းပုံကို ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ (၁၅) ရက်နေ့တွင် ပြင်ဆင် ဖွဲ့စည်းခဲ့ပါသည်။