ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန

ဦးစီးဌာနများ/ အဖွဲ့အစည်းများ

သတင်းများ

(၁၆)ကြိမ်မြောက် အာဆီယံ ICT ဆိုင်ရာ ဝန်ကြီးများအစည်းအဝေး ဒုတိယဝန်ကြီး တက်ရောက်

Published: Nov 27 Posted Under: Place: နေပြည်တော်

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုး သည် (၁၆)ကြိမ်မြောက် အာဆီယံ သတင်းအချက်အလက် နည်းပညာဆိုင်ရာ ဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်၍ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍ သည် ပြုပြင်ပြောင်းလဲမှု ဆောင်ရွက်ပြီးနောက်ပိုင်း လျှင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လျက်ရှိကြောင်း၊တယ်လီဖုန်းအသုံးပြုနိုင်မှုသည် ၂၀၁၀-၁၁ခုနှစ်တွင် (၁၀)ရာခိုင်နှုန်းအောက်သာ ရှိခဲ့ရာမှယနေ့အချိန်တွင် (၉၀)ရာခိုင်နှုန်းကျော်အထိ တိုးတက်သုံးစွဲလာနိုင်ပြီဖြစ်ကြောင်းနှင့် ကျေးလက်ဒေသများအထိ ဆက်သွယ်မှုရရှိစေရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက် Universal Service Fun

E-Government လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ (၁/၂၀၁၆) ကျင်းပပြုလုပ်

Published: Nov 03 Posted Under: Place: နေပြည်တော်

မြန်မာနိုင်ငံတွင် e-Government လုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်ရေးအတွက် e-Government လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ (၁/၂၀၁၆) ကို နေပြည်တော်ရှိ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၌ နိုဝင်ဘာလ (၃) ရက်နေ့ ၀၉:၃၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ၏ C-Band IPSTAR (MPT Satellite Terminal) သုံးစွဲသူများသို့ မေတ္တာရပ်ခံချက်

Published: Nov 01 Posted Under: Place: နေပြည်တော်

 မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ C-Band IPSTAR (MPT Satellite Terminal) ၀န်ဆောင်မှု သုံးစွဲသူများအတွက် Thaicom-7 ဂြိုဟ်တုအားအသုံးပြုနေရာမှ ပိတ်သိမ်း၍ Myanmar Satellite ဂြိုဟ်တု ပေါ်သို့ ပြောင်းလဲအသုံးပြုနိုင်ရန် စီစဉ်လျက်ရှိရာ လက်ရှိ IPSTAR Terminal များကို Myanmar Satellite (62ْ East) သို့ ပြောင်းလဲချိန်ညှိခြင်း၊ စက်ပစ္စည်းအစိတ်အပိုင်းအချို ့လဲလှယ်တပ်ဆင်ခြင်း တို့ကိုဆောင်ရွက်သွားမည် ဖြစ်ပါသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အား ကော်ပိုရေးရှင်းအဖြစ် ပြောင်းလဲဖွဲ့စည်းရေး ဦးဆောင်ကော်မတီ တတိယအကြိမ် အစည်းအဝေး ကျင်းပပြုလုပ်

Published: Oct 27 Posted Under: Place: နေပြည်တော်

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အား ကော်ပိုရေးရှင်းအဖြစ် ပြောင်းလဲဖွဲ့စည်းခြင်း လုပ်ငန်းများအား အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး လိုအပ်သော မူဝါဒနှင့် လုပ်ငန်းစဉ်များအား သတ်မှတ်နိုင်ရေး အတွက် ရည်ရွယ်ကျင်းပသည့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအား ကော်ပိုရေးရှင်းအဖြစ် ပြောင်းလဲဖွဲ့စည်းရေး ဦးဆောင်ကော်မတီ တတိယအကြိမ် အစည်းအဝေးကို (၂၇-၁၀-၂၀၁၆)ရက်နေ့ နေ့လည် (၁၃:ဝဝ)နာရီ အချိန်တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာန၊ ရုံးအမှတ်(၂)၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ ဦးဆောင်ကော်မတီ ဥက္ကဌ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာန၊ဒုတိယဝန်ကြီး ဦးကျော်မျိုး တက်ရောက်၍ အဖွင့်အမှာစကား‌ ပြောကြားခဲ့ပါသည်။  

2600 MHz Spectrum Auction သတင်းထုတ်ပြန်ချက်

Published: Oct 17 Posted Under: Place: နေပြည်တော်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် 2600 MHz လှိုင်းနှုန်းစဉ်လေလံအား နေပြည်တော်ရှိ The Hotel Royal ACE တွင် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၁၇) ရက်နေ့၊ နံနက် (၉:၀၀) နာရီတွင် စတင်ပြုလုပ်ခဲ့ရာ သတ်မှတ်ချက်နှင့် ကိုက်ညီသော ကုမ္ပဏီ (၉) ခုမှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါသည်။ ပထမနေ့ အစီအစဉ်အား (၁၉:၁၅) နာရီတွင် ခေတ္တရပ်နားခဲ့ပြီး Round (၁၁) ခု ဆောင်ရွက်နိုင်ခဲ့ပါသည်။

Pages