ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန

ဦးစီးဌာနများ/ အဖွဲ့အစည်းများ

ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၏ သတင်းများ

ပို့ဆောင်ရေ:နှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးနည်းဥပဒေများ ထုတ်ပြန်။

Published: Feb 25 Posted Under: Place: နေပြည်တော်

နေပြည်တော်၊ ၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီ ၂၅။

၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၄ ရက် (ကြာသပတေးနေ့)တွင် ကျင်းပပြုလုပ်ခဲ့သော ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၃/၂၀၁၉)၏ သဘောတူညီချက်အရ ပို့ဆောင်ရေ:နှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ ၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၄၉/၂၀၁၉)ဖြင့် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးနည်းဥပဒေများကို ထုတ်ပြန်ပါသည်။

လုံခြုံရေးခွေးဖြင့် မိုင်းနှင့် မူးယစ်ဆေးဝါးရှာဖွေခြင်း လက်တွေ့လေ့ကျင့်ခန်းများ ပြုလုပ်

Published: Feb 20 Posted Under: Place: ရန်ကုန်

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၈။

အမှတ်(၁) တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေး အတတ်သင်ကျောင်း၌ ဖွင့်လှစ်လျက် ရှိသည့် လုံခြုံရေးခွေးဖြင့် မိုင်းနှင့် မူးယစ်ဆေးဝါး ရှာဖွေခြင်းသင်တန်း အမှတ်စဉ်(၁၆)မှ သင်တန်းသား ခွေးကိုင်စစ်သည် ၃၈ ဦးနှင့် လုံခြုံရေးခွေး ၃၈ ကောင်တို့ဖြင့် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၊ မြစ်ဝကျွန်းပေါ်ဌာနခွဲ၊ ပန်းဆိုးတန်း မြို့နယ်မန်နေဂျာရုံး အနီးတဝိုက်၊ နန်းသီတာ ဆိပ်ခံတံတား အဆောက်အဦများတွင် မိုင်းနှင့် မူးယစ်ဆေးဝါးရှာဖွေခြင်း လက်တွေ့ လေ့ကျင့်ခန်း များကို (၁၈-၂-၂၀၁၉)ရက်နေ့ (၀၈၃၀)နာရီမှ (၀၉၃၀)နာရီထိ  ပြုလုပ်ခဲ့ကြောင်း သိရသည်။