ရုံးချုပ်အခြေစိုက်အော်တိုတယ်လီဖုန်းစခန်း၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း။(org)
ရုံးချုပ်အခြေစိုက်အော်တိုတယ်လီဖုန်းစခန်း၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း။
အော်တိုတယ်လီဖုန်းဌာနဖွဲ့စည်းပုံ
စဉ် |
အကြောင်းအရာ |
ခွင့်ပြု |
ခန့်ထား |
၁။ |
အရာထမ်း |
၅၁ |
၄၂ |
၂။ |
အမှုထမ်း |
၁၀၁၉ |
၈၂၉ |
ပေါင်း (က) |
၁၀၇၀ |
၈၇၁ |
|
၃။ |
နေ့စားဝန်ထမ်း |
- | ၃၈၄ |
ပေါင်း (ခ) |
၃၈၄ |
||
စုစုပေါင်း |
၁၀၇၀ |
၁၂၅၅ |
အော်တိုတယ်လီဖုန်းဌာန၀န်ထမ်းဖွဲ့စည်းပုံဇယား
အော်တိုတယ်လီဖုန်းဌာန၏ လုပ်ငန်းတာဝန်များ
ပြည်သူများ လိုင်းအော်တိုတယ်လီဖုန်းများအား အဆင်ပြေချာမွေ့စွာ ဆက်သွယ်ပြောဆိုနိုင်ရန်အတွက် လုပ်ငန်းတာဝန်များကို
ဆောင်ရွက်လျက်ရှိပါသည်။
(၁) ခေတ်မီလျော်ညီသော အိတ်ချိန်းသစ်များ တည်ဆောက်၊ တပ်ဆင်ခြင်း။
(၂) တပ်ဆင်ထားပြီး အိတ်ချိန်းများအား လိုင်းနှင့်ထည့်ရန် တိုးချဲ့ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း။
(၃) အိတ်ချိန်းများအချင်းချင်း ဆက်သွယ်ပေးသော ထရန်စစ် အိတ်ချိန်းကြီးများ တည်ဆောက်တပ်ဆင်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းနှင့်
တိုင်းဒေသကြီးများ၏ မြို့ ကြီးများနှင့် ၎င်းတိုင်းဒေသကြီးများ / ပြည်နယ်များ အတွင်းရှိမြို့ များအကြားဆက်သွယ်ပေးထားသော
IP ထရန် ဂိတ်ဝေးများတည်ဆောက်တက်ဆင်ခြင်း ပြုပြင်ထိန်းသိမ်းခြင်း။
(၄) နေပြည်တော်နှင့်ရန်ကုန်မြို့အတွင်း တယ်လီဖုန်းလိုင်း၊ မြေပေါ်/ မြေအောက်ကေဘယ်များ တည်ဆောက်တပ်ဆင်ခြင်း၊ ပြုပြင်
ထိန်းသိမ်းခြင်း။
(၅) နေပြည်တော်နှင့်ရန်ကုန်မြို့အတွင်းရှိ အိတ်ချိန်းများအချင်းချင်း ဆက်သွယ်ပေးသော မြို့တွင်းထရန်စမစ်ရှင်းစက်ပစ္စည်းများနှင့်
ဖိုင်ဘာကေဘယ် ဆက်ကြောင်းများ တည်ဆောက်ခြင်း၊ တိုးချဲ့တပ်ဆင်ခြင်းနှင့်ပြုပြင်ထိန်းသိမ်းခြင်း။
(၆) နေပြည်တော်နှင့်ရန်ကုန်မြို့အတွင်း လိုင်းတယ်လီဖုန်းများ တပ်ဆင်ခြင်း၊ ပြောင်းရွှေ့ ခြင်း၊ ဖြုတ်သိမ်းခြင်းနှင့် တန်ဖိုးမြှင့်
ထပ်ဆောင်းဝန်ဆောင်မှုများဆောင်ရွက်ပေးခြင်း။
(၇) နှစ်စဉ် တယ်လီဖုန်းလုပ်ငန်းစီမံကိန်းများရေးဆွဲခြင်းနှင့် ရန်ပုံငွေများ လျာထားခြင်း။
(၈) နှစ်စဉ်ခွင့်ပြုထားသော ရန်ပုံငွေနှင့် လုပ်ငန်းစီမံကိန်းများအား အချိန်မီပြီးစီးအောင် ဆောင်ရွက်ခြင်း။