ရုံးချုပ်အခြေစိုက်အဝေးဆက်သွယ်ရေးစခန်း၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း။(org)
ရုံးချုပ်အခြေစိုက်အဝေးဆက်သွယ်ရေးစခန်း၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း။
Organization Chart
အဝေးဆက်သွယ်ရေးစခန်း၏လုပ်ငန်းတာဝန်များ
(၁) မိုက်ကရိုဝေ့ဗ်လက်အောက်ရှိ မိုက်ကရိုစခန်း အဆောက်အဦးများ စက်ပစ္စည်းများ Maintenance ပြုလုပ်ခြင်း၊ Earthing များတိုင်းတာစစ်ဆေး
ပြုပြင်ခြင်း၊ Hop Test နှင့် Link Test များ စမ်းသပ်ခြင်း။
(၂) မိုက်ကရိုဝေ့ဗ်ဆက်ကြောင်းသစ်များ တိုးချဲ့တည်ဆောက်ရန်အတွက် စီမံကိန်းလုပ်ငန်း များ ဆောင်ရွက်ခြင်း။
(၃) သဘာဝဘေးအန္တရာယ်ကြောင့်လည်းကောင်း၊ မိုးကြိုးထိမှန်ခြင်းကြောင့်လည်းကောင်း၊ ဆက်ကြောင်းပြတ်တောက်မှုဖြစ်ပေါ်ပါကအရေးပေါ်
အခြေအနေအဖြစ်သတ်မှတ်၍ အချိန် နှင့်တပြေးညီသွားရောက်၍ ဆက်ကြောင်းဆက်သွယ်မှု မပြတ်တောက်စေရန် ဆောင်ရွက်ခြင်း၊ အရေးပေါ်
ဆက်ကြောင်း သွားရောက်ပြုပြင်ခြင်း။
(၄) ရုံးလုပ်ငန်းပိုင်းဆိုင်ရာများဖြစ်သော ၀န်ထမ်းများ၏ လစာများ ၊ သာမန် အသုံး စရိတ်များ ရေးဆွဲခြင်း၊ ၀င်စာ/ထွက်စာ ၊ သင်တန်း ၊ ခွင့် ၊ ၀န်ထမ်း
များခန့်ထားမှု ၊ နှုတ်ထွက်၊ ထုတ်ပယ် ၊ ရာထူးတိုး စသည့်ကိစ္စရပ်များ ဆောင်ရွက်ခြင်း။
(၅) ပြည်နယ်/တိုင်းဒေသကြီးများအတွင်းရှိ ရေဒီယိုကြေးနန်းစခန်းများတွင် လွှင့်ဖမ်း စက်များ တပ်ဆင်ြခင်း ၊ ပြောင်းရွှေ့ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း
လုပ်ငန်းများ ဆောင်ရွက်ခြင်း။
(၆) အခါအားလျော်စွာ အခြားသောအဖွဲ့များနှင့် ပူးပေါင်း၍ လွှင့်ဖမ်းစက်များနှင့် ဆက်သွယ်မှုရရှိစေရန် ဆောင်ရွက်ခြင်း။
(၇) တိုင်းနှင့် ပြည်နယ်အသီးသီးရှိ ကကဆက် Backbone ဖိုင်ဘာစခန်းများနှင့် ချိတ်ဆက် မည့်ဖိုင်ဘာဆက်ကြောင်းများ၊ အော်တိုအိတ်ချိန်းအချင်းချင်း
ချိတ်ဆက် သည့်ဖိုင်ဘာ ဆက်ကြောင်းများ၊ အော်တိုအိတ်ချိန်းနှင့်မိုက်ကရိုစခန်းအကြား ချိတ်ဆက်သည့် ဖိုင်ဘာ ဆက်ကြောင်းများ၏ ပြုပြင်ထိန်း
သိမ်းရေးလုပ်ငန်းများအား ဆောင်ရွက်ခြင်း။