ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန/ လုပ်ငန်းစဉ်များ

တာဝန်ယူဆောင်ရွက်နေသည့်လုပ်ငန်းများ

 

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ ဆောင်ရွက်ရသော အဓိကလုပ်ငန်းတာဝန်များ မှာ အောက်ပါအတိုင်းဖြစ်ပါသည်−

  • စာပို့တိုက်လုပ်ငန်း၊ တယ်လီဖုန်းဆက်သွယ်ရေးလုပ်ငန်း၊ ရေဒီယို ဆက်သွယ်ရေး လုပ်ငန်း တို့ကို ဥပဒေဖြင့်ကြီးကြပ်ခြင်း။

  • ရေဒီယိုဆက်သွယ်ရေးလုပ်ငန်းဆိုင်ရာဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ ထုတ်ပြန်ခြင်း ၊ ပြင်ဆင်ခြင်း ၊ ဖြည့်စွက်ခြင်း ၊ အပြည်ပြည်ဆိုင်ရာ ရေဒီယိုဆက်သွယ်ရေး အဖွဲ့အစည်းများနှင့် သဘောတူရေးဆွဲထားသော စည်းမျဉ်း ဥပဒေများနှင့်အညီ ဆောင်ရွက်စေခြင်း၊ ကြီးကြပ်ခြင်း။

  • တယ်လီဖုန်းဆက်သွယ်ရေးလုပ်ငန်းဆိုင်ရာ ဥပဒေများ၊ ဆက်သွယ်ရေး စက်ပစ္စည်းများဆိုင်ရာဥပဒေများ၊ လုပ်ထုံးလုပ်နည်း များ ထုတ်ပြန်ခြင်း၊ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ အပြည်ပြည်ဆိုင်ရာ ကြေးနန်းဆက်သွယ်ရေး အဖွဲ့အစည်းများက ရေးဆွဲထားသော စည်းမျဉ်းဥပဒေများနှင့်အညီ ဆောင်ရွက်စေခြင်း၊ ကြီးကြပ်ခြင်းများပြုလုပ်ရန်၊

  • စာပို့တိုက်လုပ်ငန်းဆိုင်ရာ ဥပဒေများ ၊ လုပ်ထုံးလုပ်နည်းများ  ထုတ်ပြန်ခြင်း၊ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ အပြည်ပြည်ဆိုင်ရာ စာပို့တိုက် အဖွဲ့အစည်းများက သဘောတူရေးဆွဲထားသော စည်းမျဉ်း ဥပဒေများနှင့်အညီ ဆောင်ရွက်စေခြင်း၊

  • ကမ္ဘာ့ကုလသမဂ္ဂလက်အောက်ခံ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ ဒေသဆိုင်ရာအဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်း။  ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနသည်နိုင်ငံတော်အတွင်းရှိ ကြေးနန်းဆက်သွယ်ရေးဆိုင်ရာလုပ်ငန်း များနှင့် စာပို့တိုက် လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန်နှင့် အပြည်ပြည်ဆိုင်ရာ လုပ်ထုံးလုပ်နည်း ဥပဒေများနှင့်အညီ ဆောင်ရွက်ကြီးကြပ်ပေးသည့် လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အောက်ပါကမ္ဘာ့ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအဖွဲ့အစည်း များနှင့်ဆက်သွယ်ခြင်း၊ ညှိနှိုင်းခြင်း ၊ ပူးပေါင်းဆောင်ရွက်ခြင်းများပြုလုပ်ရပါသည်−

  •  အပြည်ပြည်ဆိုင်ရာကြေးနန်းဆက်သွယ်ရေးအဖွဲ့ချုပ် (ITU)

  • အာရှနှင့်ပစိဖိတ်ကြေးနန်းဆက်သွယ်ရေးအကျိုးတူအဖွဲ့ (APT)

  • ကမ္ဘာ့စာပို့တိုက်သမဂ္ဂ (UPU)

  • အာရှနှင့်ပစိဖိတ်စာပို့တိုက်အကျိုးတူအဖွဲ့ (APPU)

  • အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN)

  • လိုင်စင်အမျိုးမျိုးအတွက်လိုင်စင်နှင့်အခွန်ကောက်ခံခြင်း။   ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် နိုင်ငံတော်ဘဏ္ဍာငွေ တိုးတက်ရရှိရန်အတွက်‌ဆက်သွယ်ရေး စက်ပစ္စည်းဆိုင်ရာ လိုင်စင်အမျိုးမျိုး ထုတ်ပေးခြင်းနှင့် အခွန်အခ ကောက်ခံခြင်းကို ဥပဒေလုပ်ထုံးလုပ်နည်းများထုတ်ပြန်ခြင်း၊​

  • ရေဒီယိုအော်ပရေတာစာမေးပွဲစစ်ဆေးခြင်း။ အပြည်ပြည်ဆိုင်ရာ ကြေးနန်းဆက်သွယ်ရေးအဖွဲ့ချုပ်(ITU)၏ဆုံးဖြတ်ချက်၊ ပြဌာန်း ချက်များနှင့်အညီ နိုင်ငံတကာအဆင့်အတန်းမီ ရေဒီယိုအော်ပရေတာလက်မှတ်များထုတ်ပေးခြင်း။​

  • ရေဒီယိုလှိုင်းနှုန်းသတ်မှတ်ပေးခြင်းနှင့်ကြီးကြပ်ပေးခြင်း။ နိုင်ငံတော်အတွင်းရှိ ဌာနဆိုင်ရာ နှင့်ပုဂ္ဂလိကအဖွဲ့အစည်းများ အသုံးပြုသော ဆက်သွယ်ရေး လွှင့်ဖမ်းစက်များ၏ ရေဒီယိုလှိုင်းနှုန်းများကို သတ်မှတ်ပေးခြင်း၊ အိုင်တီယူမှ သတ်မှတ်ပြဌာန်းချက်နှင့်အညီ ရေဒီယိုလှိုင်းများ မှတ်ပုံတင်ခြင်း၊ ညှိနှိုင်းပေးခြင်း၊ ခွင့်ပြုထားသော လှိုင်းနှုန်းများကို သတ်မှတ်ချက်များနှင့်အညီ သုံးစွဲမှု ရှိ/မရှိ စိစစ်ခြင်း၊ စက်မှုပိုင်းဆိုင်ရာ စံချိန်စံညွှန်းပြည့်မီရေးအတွက် ထိန်းကျောင်းပေးခြင်းနှင့် လှိုင်းနှုန်းတိုင်းတာ စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းစသည်တို့ကို ဆောင်ရွက်နိုင်ရန်အတွက် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနကို ဖွဲ့စည်းရခြင်းဖြစ်ပါသည်။​​

 

ဆက်သွယ်ရေးနံပါတ် အရင်းအမြစ်များကို လျှောက်ထားခွင့်ရှိသူများ

 

(၁) ကွန်ရက်အထောက် အကူပြု ဝန်ဆောင်မှုလုပ်ငန်းလိုင်စင် - အထူး ( Individual )

(၂) ကွန်ရက်ဝန်ဆောင်မှု လုပ်ငန်းလိုင်စင် ရရှိသူများ

 

လျှောက်ထားရာတွင် တင်ပြရမည့် အချက်အလက်များ

 

(၁) လိုင်စင်ရရှိသူမှ ခန့်အပ်ထားသော တာဝန်ရှိသူကိုယ်စားလှယ်၏အမည်နှင့် ဆက်သွယ်ရန် လိပ်စာအပြည့်အစုံ၊ ကိုယ်စားလှယ် လျှောက်ထားခြင်းဖြစ်ပါက လိုင်စင်ရရှိသူ၏ လက်မှတ်နှင့်ရက်စွဲပါရှိသော ကိုယ်စားလှယ်လွှဲစာ ၊

(၂) သက်ဆိုင်ရာ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း၏အသေးစိတ်အချက်အလက်များ၊

(၃) လျှောက်ထားချက်နှင့် သက်ဆိုင်သည့်အသုံးပြုနေဆဲဖြစ်သော ဆက်သွယ်ရေးနံပါတ်အတွဲများ သို့မဟုတ် နံပါတ်အပိုင်းအခြားအသေးစိတ်၊

(၄) ဦးစားပေးရွေးချယ်လိုသည့် နံပါတ်သင်္ကေတ ၊ ဆက်သွယ်ရေးနံပါတ်အတွဲ ၊ ဖြစ်နိုင်လျှင် ဒုတိယနှင့်တတိယဦးစားပေးနံပါတ်သင်္ကေတနှင့် ဆက်သွယ်ရေးနံပါတ်အတွဲ၊

(၅) ဆက်သွယ်ရေးနံပါတ်အတွဲ သို့မဟုတ် နံပါတ်အပိုင်းအခြားကိုအသုံးပြု၍ ဝန်ဆောင်မှုပေးရန် ရည်ရွယ်ထားသည့် ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းအမျိုးအစား၏ အသေးစိတ်အချက်အလက်များနှင့် ယင်းဝန်ဆောင်မှုလုပ်ငန်းအတွက် အဆိုပြု ဝန်ဆောင်ခနှုန်းထား ၊

(၆) လိုင်စင်ရရှိသူသို့ ယခင်ခွဲဝေသတ်မှတ်ပေးထားသည့် အလားတူဆက်သွယ်ရေး နံပါတ်များအား အသုံးပြုမှုနှင့် ကာလတစ်ခုအတွင်း မျှော်မှန်းထားသည့် အသုံးပြုမှု ခန့်မှန်းချက်၊

(၇) လိုင်စင်ရရှိသူအသုံးပြုမည့် နည်းပညာနှင့် လုပ်ငန်းဆောင်ရွက်မှုစနစ်တည်ဆောက်ပုံ အကျဉ်းချုပ် ၊

 

ခွင့်ပြုပေးလျက်ရှိသောလှိုင်းနှုန်းအသုံးပြုခွင့်အမျိုးအစားများ

 

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ အရင်းအမြစ်စီမံခန့်ခွဲမှုဌာနသည် ထုတ်ပြန်ခဲ့ပြီးသော ဆက်သွယ်ရေး ဥပဒေ၊ လှိုင်းနှုန်းစဉ်ဆိုင်ရာ နည်းဥပဒေများနှင့်အညီ အောက်ပါလှိုင်းနှုန်းအသုံးပြုခွင့်များအား စိစစ်ခွင့်ပြုပေးလျက်ရှိပါသည်-

(၁) အများပြည်သူသုံးမိုဘိုင်းလှိုင်းနှုန်းခွင် အသုံးပြုခွင့်

(၂) ရေကြောင်းစခန်းသုံးလှိုင်းနှုန်းခွင် အသုံးပြုခွင့်

(၃) လေကြောင်းစခန်းသုံးလှိုင်းနှုန်းခွင်အသုံးပြုခွင့်

(၄) ဂြိုဟ်တုလှိုင်းနှုန်းခွင်အသုံးပြုခွင့်

(၅) ပုဂ္ဂလိကကွန်ရက်လှိုင်းနှုန်းခွင်အသုံးပြုခွင့်

(၆) ဆက်သွယ်ရေးဆက်ကြောင်းသုံးလှိုင်းနှုန်းခွင် (Fixed Spectrum) အသုံးပြုခွင့်

(၇) ရုပ်သံလွှင့်လှိုင်းနှုန်းခွင် အသုံးပြုခွင့်

(၈) အပျော်တမ်းရေဒီယိုလှိုင်းနှုန်းစဉ်အသုံးပြုခွင့်

(၉) ဌာနဆိုင်ရာလှိုင်းနှုန်းခွင်အသုံးပြုခွင့်

(၁၀) ယာယီလှိုင်းနှုန်းစဉ်အသုံးပြုခွင့်

 

လှိုင်းနှုန်းစဉ် အသုံးပြုခွင့် လျှောက်ထားရာတွင် တင်ပြရမည့်အချက်များ

 

(၁) လျှောက်လွှာ (အပေါ်စာ)

(၂) အသုံးပြုမည့်ဆက်သွယ်ရေးပစ္စည်းများအတွက် ဤဦးစီးဌာနမှထုတ်ပေးထားသည့် တင်သွင်းခွင့် ထောက်ခံချက်

(၃) အသုံးပြုမည့်လှိုင်းနှုန်း၊ တည်နေရာ (လတ္တီကျု့နှင့် လောင်ဂျီကျု့)နှင့် ဆက်သွယ်ရေးပစ္စည်းများ ချိတ်ဆက်အသုံးပြုမှုကို ဖော်ပြထားသည့် Network Diagram

(၄) အသုံးပြုမည့် ဆက်သွယ်ရေးပစ္စည်းများ၏ Catalogue

(၅) သက်ဆိုင်ရာ ဝန်ကြီးဌာန/ ဦးစီးဌာန၏ ထောက်ခံချက်

သက်ဆိုင်ရာလိုင်စင်အမျိုးအစားအလိုက် ပေးသွင်းရမည့် လိုင်စင်ဆိုင်ရာအခကြေးငွေများ

ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလိုင်စင်များ၏ သက်ဆိုင်ရာလိုင်စင်အမျိုးအစားအလိုက်ပေးသွင်းရမည့် လိုင်စင်ဆိုင်ရာအခကြေးငွေ များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

No Licence Type Application Fees Initial Fees Annual Fees Addition Service Fees
1 Network Facilities Services Licence (Individual)  Ks.10,000,000 Ks.50,000,000  2% of 
Relevant Revenue 
Ks.5,000,000
2 Network Service Licence Ks.5,000,000 Ks.25,000,000 1% of 
Relevant Revenue
Ks.2,500,000
3 Network Facilities Services Licence (Class)  Ks.2,500,000  Ks.12,500,000  0.5% of Relevant Revenue Ks.1,250,000
4 Application Service Licence  Ks.2,500,000 Ks.10,000,000 0.5% of Relevant Revenue Ks.1,250,000 

လျှောက်ထားနိုင်သော ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလိုင်စင်အမျိုးအစားများ

ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်လိုသော ကုမ္ပဏီ/အဖွဲ့အစည်းများအနေဖြင့် သက်ဆိုင်ရာလိုင်စင်များ၏ Registration Form နှင့် Application Form များအား အောက်ပါ link တွင် download ရယူနိုင်ပါသည်။