IGW လုပ်ကိုင်ခွင့်အတွက် လုပ်ငန်းလမ်း ညွှန်ထုတ်ပြန်

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန သည် အပြည်ပြည်ဆိုင်ရာ ပင်မ ဝင်ပေါက်ထွက်ပေါက် လုပ်ငန်း လုပ်ကိုင်ခွင့် နှင့် စပ်လျဉ်းသည့် လုပ်ငန်း လမ်းညွှန် အား ယနေ့ ထုတ်ပြန်လိုက်ပါသည်။

သို့ဖြစ်ပါ၍ ကွန်ရက် အထောက်အကူပြုဝန်ဆောင်မှု လုပ်ငန်းလိုင်စင် (အထူး) {Network Facilities Services(Individual)} ရရှိထားသည့်ကုမ္ပဏီ အဖွဲ့အစည်းများအနေဖြင့် အပြည်ပြည်ဆိုင်ရာ ပင်မ ဝင်ပေါက်ထွက်ပေါက်လုပ်ငန်း (IGW-International Gateway Services) လုပ်ကိုင်ဆောင်ရွက်လိုပါက ထုတ်ပြန်ထားသည့် လုပ်ငန်းလမ်းညွှန်နှင့်အညီ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနတွင် လျှောက်ထားနိုင်ပြီဖြစ်ပါသည်။

အပြည်ပြည်ဆိုင်ရာ ပင်မ ဝင်ပေါက်ထွက်ပေါက် လုပ်ငန်း (IGW-International GatewayServices) လုပ်ကိုင်ခွင့် နှင့် စပ်လျဉ်းသည့် လုပ်ငန်း လမ်းညွှန် အား အောက်ပါ Link တွင် download ရယူနိုင်ပါသည်။