e-Government အထောက်အကူပြု သင်တန်း နှင့် Data Center အား ပြည်ထောင်စု ဝန်ကြီး ကြည့်ရှု စစ်ဆေး

ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးသန့်စင်မောင် သည် ၂၀၁၇ ခုနှစ်၊ မတ်လ (၁၇) ရက် နေ့လည် (၂:၀၀) နာရီ တွင် တာဝန်ရှိသူများ လိုက်ပါ ၍ နေပြည်တော် Information Access Center တွင် ဖွင့်လှစ် သင်ကြားလျက် ရှိသော e-Government အထောက်အကူပြု Government Personnel Management System (GPMS) သင်တန်း သို့ သွားရောက် ကြည့်ရှုကာ မြန်မာနိုင်ငံ တွင် e-Government စနစ် အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်နိုင်ရေး အတွက် လိုအပ်ချက်များ နှင့် ဆောင်ရွက်သွား မည့် အစီအစဉ်များအား သင်တန်းသားများ နှင့် ရင်းနှီးစွာတွေ့ဆုံ ၍ ကြိုးစား ဆောင်ရွက်သွားကြ ရန် တိုက်တွန်း ပြောကြားခဲ့ပါသည်။

အဆိုပါ သင်တန်းအား e-Government လုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖေါ် ဆောင်ရွက်နိုင်ရေး အတွက် ရည်ရွယ်၍ အစိုးရဌာန များ အားလုံး တစ်ပြေးညီ အသုံးပြုရန် Common e-Government Application များဖြစ်သော ဝန်ထမ်းရေးရာ စီမံခန့်ခွဲမှု စနစ် (Government Personal Management System - GPMS) နှင့် အီလက်ထရောနစ် စာရွက်စာတမ်း စီမံခန့်ခွဲမှု စနစ် (Electronic Document Management System - EDMS) အသုံးပြုပုံ နည်းစနစ် များကို သင်ကြား ပို့ချ ပေးခြင်း ဖြစ်ပါသည်။ သင်တန်းသို့ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စု ဝန်ကြီးဌာနများ နှင့် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များ မှ သင်တန်းသား စုစုပေါင်း (၁၂၀) ဦး တက်ရောက် လျက်ရှိပြီး သင်တန်းကာလ မှာ (၁၃-၃-၂၀၁၇) မှ (၁၇-၃-၂၀၁၇) အထိ ရက်သတ္တ တစ်ပတ် ဖြစ်ကြောင်း နှင့် Electronics Document Management System (EDMS) သင်တန်းကို လည်း (၂၀-၃-၂၀၁၇) မှ (၂၄-၃-၂၀၁၇) အထိ ရက်သတ္တ တစ်ပတ် ဖွင့်လှစ် သင်ကြားသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီး နှင့် အဖွဲ့သည် e-Government Date Center သို့ သွားရောက် ကာ Data Center တွင် တပ်ဆင် ထားရှိသည့် စက်ပစ္စည်းများ နှင့် Government Personnel Management System (GPMS), Electronics Document Management System (EDMS) နှင့် Government eMail စသည့် Common Applications များ ဝန်ဆောင်မှု ပေးနေမှု အခြေအနေများ၊ Myanmar National Web Portal စနစ် အား တပ်ဆင်ထားရှိ မည့် Data Center နေရာအား ကြည့်ရှု စစ်ဆေးခဲ့ပြီး လုပ်ငန်း လိုအပ်ချက်များ အား ဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့ပါသည်။