e-Government လုပ်ငန်း ညှိနှိုင်း အစည်းအဝေး ကျင်းပ

မြန်မာနိုင်ငံ ၏ e-Government လုပ်ငန်းစဉ် များ ပေါင်းစပ် အကောင်အထည် ဖော်ဆောင်နိုင်ရေး နှင့် e-Government လုပ်ငန်း များ ဘတ်ဂျက် ပါ၀င်မှု အခြေအနေ ညှိနှိုင်း အစည်းအဝေးအား နေပြည်တော် ရှိ ဆက်သွယ်ရေး နှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာန၊ ၀န်ကြီးရုံး အစည်းအဝေး ခန်းမ တွင် ၂၀၁၃ခုနှစ်၊ ဒီဇင်ဘာလ (၉)ရက်နေ့ ၌ ကျင်းပပြုလုပ် ရာ ဆက်သွယ်ရေး နှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်း၊ ဒုတိယဝန်ကြီး ဦးသောင်းတင် နှင့် သက်ဆိုင်ရာ တာဝန်ရှိ အရာထမ်း များ၊ ပြည်ထောင်စု အစိုးရ အဖွဲ့အစည်းများ၊ ၀န်ကြီးဌာနများ အသီးသီး မှ အဆင့်မြင့် အရာရှိကြီး များ အသီးသီး တက်ရောက်ခဲဲ့ကြပါသည်။

အစည်းအဝေး တွင် ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်း က အဖွင့် အမှာစကားေ ပြောကြား ၍ တက်ရောက်လာသော ပြည်ထောင်စု အစိုးရ အဖွဲ့အစည်းများ၊ ၀န်ကြီးဌာန များ အသီးသီး မှ အဆင့်မြင့် အရာရှိကြီးများ က သက်ဆိုင်ရာဌာန အလိုက် ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ် နှင့် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ် တို့တွင် e-Government လုပ်ငန်း များ အကောင် အထည် ဖော်ဆောင်နိုင်ရေး အတွက် ဘတ်ဂျက် ပါ၀င်မှု၊ လျာထားမှု အခြေအနေများ အား အသီးသီး ရှင်းလင်း တင်ပြ ဆွေးနွေး ခဲ့ကြပါသည်။