2600 MHz Spectrum Auction သတင်းထုတ်ပြန်ချက်

 

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် 2600 MHz လှိုင်းနှုန်းစဉ်လေလံအား နေပြည်တော်ရှိ The Hotel Royal ACE တွင် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၁၇) ရက်နေ့၊ နံနက် (၉:၀၀) နာရီတွင် စတင်ပြုလုပ်ခဲ့ရာ သတ်မှတ်ချက်နှင့်ကိုက်ညီသော ကုမ္ပဏီ (၉) ခုမှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါသည်။ ပထမနေ့ အစီအစဉ်အား (၁၉:၁၅) နာရီတွင် ခေတ္တ ရပ်နားခဲ့ပြီး Round (၁၁) ခု ဆောင်ရွက်နိုင် ခဲ့ပါသည်။

လေလံအား ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၁၈) ရက်နေ့နှင့် (၁၉) ရက်နေ့များတွင် အဆိုပါ ဟိုတယ်၌ ဆက်လက်ဆောင်ရွက်ခဲ့ရာ အောက်တိုဘာ (၁၉)ရက်နေ့ (၁၅:၀၀) နာရီတွင် Round (၃၂) ခု ဖြင့် လေလံအား အောင်မြင်စွာ ဆောင်ရွက်ပြီးစီးခဲ့ပါသည်။

2600 MHz လှိုင်းနှုန်းစဉ်လေလံအား Simultaneous Multiple-Rounds Ascending Auction (SMRA) စနစ်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၊ အဆိုပါ လေလံတွင် Lot အလိုက် အောင်မြင်သည့် ကုမ္ပဏီများစာရင်းအား ထုတ်ပြန်ကြေညာအပ်ပါသည်။ လေလံအောင်မြင်သူ များအား သက်တမ်း (၁၅)နှစ်ရှိသည့် လှိုင်းနှုန်းစဉ်အသုံးပြုခွင့် ခွင့်ပြုပေးနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန