Published: 14 Jan, 2020



Last Date :
Description :

၁။၂၀၁၉−၂၀ ဘဏ္ဍာနှစ်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန မှ အကောင်အထည်ဖော်ဆောင်ရွက်မည့် e-Government လုပ်ငန်းရပ်များအတွက် လိုအပ်သော အောက်ဖော်ပြပါ (Turnkey) လုပ်ငန်း များအား မြန်မာကျပ်ငွေဖြင့် ၀ယ်ယူ/လုပ်ငန်းအပ်နှံ ဆောင်ရွက်သွားမည်ဖြစ်ပါ၍ တင်ဒါပေးသွင်းလိုသူ လုပ်ငန်းရှင်များအား အိတ်ဖွင့် တင်ဒါစျေးနှုန်းတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

၂။ဆောင်ရွက်မည့် (Turnkey) လုပ်ငန်းများမှာ−

(က) Email Servers HA and Backup Service လုပ်ငန်း (Turnkey)

(ခ) Data Center Gateway Expension (Fully Redundancy) ဝယ်ယူတပ်ဆင်ခြင်းလုပ်ငန်း (Turnkey)

၃။တင်ဒါပုံစံနှင့် စည်းမျဉ်းစည်းကမ်းများအား ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာ လုံခြုံရေးဦးစီးဌာန၊ ထောက်ပံ့ရေးဌာနစိတ်၊ ရုံးအမှတ်(၂)၊ နေပြည်တော်တွင် (၁၄.၁.၂၀၂၀) ရက်နေ့ မှစတင်၍ ရုံးချိန်အတွင်းဝယ်ယူနိုင်ပြီး အိတ်ဖွင့်တင်ဒါ အဆိုပြုလွှာများကို (၁၄.၂.၂၀၂၀) ရက်နေ့ (၁၄:၀၀) နာရီ နောက်ဆုံးထား၍ ဤဉီးစီးဌာနသို့ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ပေးသွင်းပါရန်နှင့် သတ်မှတ်ကာလထက်ကျော်လွန်သော တင်ဒါအဆိုပြုလွှာများအား ထည့်သွင်းစဉ်းစားမည် မဟုတ်ပါ။

၄။အသေးစိတ်အချက်အလက်များကို သိရှိလိုပါက သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ ရုံးအမှတ်(၂)၊ နေပြည်တော် ဖုန်း ၀၆၇−၃၄၀၇၇၅၃ နှင့် e-Government ဌာန ၊ ၀၆၇−၃၄၂၂၄၃၅ သို့ ရုံးချိန် အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။

                                                                           တင်ဒါကော်မတီ(ဆက်သွယ်ရေး)

Download Details :
Download Detail
Department Under :