မြေငလျင်သတင်း
(မြန်မာစံတော်ချိန် ၁၈း၀၀ နာရီ အချိန်ထုတ်ပြန်ချက်)
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့၊ မြန်မာစံတော်ချိန် (၁၇) နာရီ၊ (၄၁)မိနစ်၊ (၂၉)စက္ကန့် အချိန်တွင် နမ့်စန်မြေငလျင်စခန်းမှ မြောက်-အနောက်မြောက်ဘက် (၅၆) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မိုင်းကိုင်မြို့၏ အနောက်-အနောက်မြောက်ဘက် (၆) မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၁.၆၅) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၇.၄၄) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၀) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။