USF အစီအစဉ်များအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် တင်ဒါအဆိုပြုလွှာ ပြင်ဆင်ခြင်းနှင့် မရှင်းလင်း သည့် မေးခွန်းများအား ဒုတိယအကြိမ် ပြန်လည်ပြန်ကြားခြင်း

 

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် အခြေခံဆက်သွယ်ရေးလိုအပ်ချက် ဖြည့်ဆည်းရေးအစီအစဉ် များအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် (၉-၁၁-၂၀၁၈) ရက်စွဲဖြင့် ပေးပို့ခဲ့သော တင်ဒါအဆိုပြုလွှာအား Operator များ၏လိုအပ်ချက်နှင့်အညီ Introduction to Bidder (ITB) 9.2 အရ Addendum 1 to Request for Bids အား  ပြင်ဆင်ဆောင်ရွက်ထားရှိပြီး(ITB ) 8.1 အရ Clarification  of Bidding Documents Questions  များအား ဖြေကြား​ဆောင်ရွက်ခဲ့ပါသည်။

ယခုအခါ အော်ပရေတာများထံမှ ထပ်မံပေးပို့လာသည့် မေးခွန်းများအတွက် Clarifications to Bidders Questions No.2 နှင့် ပြင်ဆင်ဆောင်ရွက်ထားရှိသည့် “Addendum 2 to Request for Bids_Telecommunication Infrastructure Services_Rural Pilot Project” အား ထပ်မံ ထုတ်ပြန်လိုက်ပါသည်။