Universal Service Fund ဖြင့် ဆောင်ရွက်မည့် Project တင်ဒါနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးသည့် အခမ်းအနားကျင်းပပြုလုပ်

 

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန အစည်းအဝေးခန်းမ၌ ၁၈-၃-၂၀၁၉ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် Universal Service Fund ဖြင့် ဆောင်ရွက်မည့် Project တင်ဒါနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရမည့်ကိစ္စရပ်များအား ဆက်သွယ်ရေး အော်ပရေတာများနှင့် ညှိနှိုင်းဆွေးနွေးသည့်အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် (ဆက်သွယ်ရေး) ဦးစိုးသိန်း၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေနှင့်တာဝန်ရှိသူများ၊ Nationwide Telecommunications License ရယူထားသော ဆက်သွယ်ရေးအော်ပရေတာများဖြစ်သည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ Telenor Myanmar Co., Ltd၊ Ooredoo Myanmar Co., Ltd၊ Telecom International Myanmar Co., Ltd (Mytel)  တို့မှ တာဝန်ရှိသူများ တက်ရောက်၍ ဆက်လက်ဆောင်ရွက်မည့် USF Project တင်ဒါကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။