Universal Service Fund ကြီးကြပ်ကွပ်ကဲရေးအဖွဲ့၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည့် အခမ်းအနား

 

Universal Service Fund ကြီးကြပ်ကွပ်ကဲရေးအဖွဲ့၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂၅-၃-၂၀၁၉ ရက်နေ့ နံနက် (၀၉:၃၀)အချိန်တွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး (USF Fund ကြီးကြပ်ကွပ်ကဲရေးအဖွဲ့ ဥက္ကဋ္ဌ) ဦးသာဦး၊ အမြဲတမ်းအတွင်းဝန် (ဆက်သွယ်ရေး) ဦးစိုးသိန်း၊ USF Fund ကြီးကြပ်ကွပ်ကဲရေးအဖွဲ့ အဖွဲ့ဝင်များဖြစ်ကြသည့် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်(ကိုယ်စား)  ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေ၊ စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဆွေတင့်ကြူး၊ ရသုံးမှန်းခြေငွေစာရင်း ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်မာသီ၊ ဆက်သွယ်ရေးအော်ပရေတာများ၏ ကိုယ်စားလှယ် ဒေါ်ကယ်ရိုလင်းယဉ်ယဉ်ဌေးနှင့်  အခြေခံဆက်သွယ်ရေး လိုအပ်ချက်ဖြည့်ဆည်းရေးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော အခြေခံ ဆက်သွယ်ရေးလိုအပ်ချက် ဖြည့်ဆည်းရေးလုပ်ငန်းစဉ်များအတွက် အခြေခံဆက်သွယ်ရေး လိုအပ်ချက်ဖြည့်ဆည်းခြင်းဆိုင်ရာ ရန်ပုံငွေကြီးကြပ်ကွပ်ကဲရေးအဖွဲ့ဝင်များက Universal Service Fund နှင့်စပ်လျဉ်း၍ ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအတွက် ဆွေးနွေးခဲ့ကြပါသည်။