Software Defined Data Center for Fast Government Services အခမ်းအနားကျင်းပခြင်း

မတ်လ (၁၃) ရက်

မြန်မာနိုင်ငံ၌ အစိုးရ၏ e-Government  လုပ်ငန်းများ ဆောင်ရွက်ရာတွင် Data Center နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်ပြီး အရည်အသွေးများတိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ US-ICT Council for Myanmar နှင့် Cisco System (Myanmar) Co; Ltd တို့ ပူးပေါင်း၍ကျင်းပသော “ Software Defined Data Center  for Fast Government Services” အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ်၊ မတ်လ (၁၃) ရက်နေ့တွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရုံးအမှတ်(၂)၊ နေပြည်တော်၌ ကျင်းပရာ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ်၊ ဦးစိုင်းစောလင်းထွန်းက အဖွင့်အမှာစကား ပြောကြား၍  Cisco System (Myanmar) Co; Ltd မှ Mr.  Sy Wann က  နှုတ်ခွန်းဆက်စကား ပြောကြားပါသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဌာနအကြီးအမှူး များ၊ Cisco System မှ တာဝန်ရှိသူများ ၊ အစိုးရဗဟိုအဖွဲ့အစည်းများ/ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရအဖွဲ့အသီးသီးမှ CIO / ACIO များ၊ System Administrator ၊Web Administrator များနှင့် တာဝန်ရှိသူများ စုစုပေါင်း(၁၃၆) ဦး တက်ရောက်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် Cisco Myanmar and Cisco Thailand Architect မှ “Evolution of Data Center Networks”, “ Programmable DC Infrastructure  ”, “Reliable Service for Multi-tenants through Automation”  စသည့် ခေါင်းစဉ်တို့ဖြင့် ဟောပြော ဆွေးနွေးခဲ့ပြီး ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်နွယ်နီစိုးရင်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးအောင်ကျော်စိုးနှင့် Cisco Myanmar မှ System Engineer ဦးငြိမ်းချမ်းထွန်းတို့သည် Software Defined Data Center နည်းပညာနှင့် ပတ်သက်၍  စားပွဲဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြပြီး တက်ရောက်လာသော CIO များမှ သိရှိလိုသည်များအား မေးမြန်းဆွေးနွေးသည်များကို ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်း သိရှိရသည်။