Myanmar Cyber Security Challenge 2019 ပြိုင်ပွဲကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂၆)ရက်နေ့၌ နေပြည်တော်တွင် ကျင်းပပြုလုပ်မည်။

 

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် Myanmar Cyber Security Challenge 2019 ပြိုင်ပွဲကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂၆)ရက်နေ့၌ နေပြည်တော်တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ပြိုင်ပွဲဝင်လျှောက်လွှာများကို အောက်ပါ link တွင် Download လုပ်ယူနိုင်ပါသည်။
.
https://www.mmcert.org.mm/sites/default/files/2018-12/RegistrationForm…
.
ပြိုင်ပွဲဝင်လျှောက်လွှာများကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁၀)-ရက်နေ့ထက် နောက်မကျစေဘဲ မြန်မာနိုင်ငံကွန်ပျူတာအရေးပေါ်တုံ့ပြန်ရေးအဖွဲ့ (mmCERT)၊ Oversea Communications Building၊ ကမ္ဘာအေးဘုရားလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန် သို့ လူကိုယ်တိုင်လာရောက်ပေးပို့၍ ဖြစ်စေ၊ [email protected] သို့ အီးမေးလ်ဖြင့် ဖြစ်စေ ပေးပို့နိုင်ပြီး ပြိုင်ပွဲအကြောင်း အသေးစိတ် သိရှိလိုပါက ဖုန်းနံပါတ် - ၀၁-၆၅၀၈၉၁၊ ၀၁-၆၅၆၆၈၅ သို့ဖြစ်စေ ဆက်သွယ်မေးမြန်းနိုင်ပါသည်။