MV. Express Argentina ကုန်သေတ္တာတင် သင်္ဘောကြီး MITT ဆိပ်ကမ်းသို့ Maiden Voyage အဖြစ် စတင်ဝင်ရောက်လာခြင်း

Sealand Maersk ၏ MV. Express Argentina ကုန်သေတ္တာတင် သင်္ဘောကြီး MITT ဆိပ်ကမ်းသို့ Maiden Voyage အဖြစ် စတင်ဝင်ရောက်လာခြင်း

 

ဗီယက်နမ်နိုင်ငံ Vung Tau ဆိပ်ကမ်းမှ ထွက်ခွာလာသည့် LOA 223m, DWT 4,4060 ရှိ  MV. Express Argentina ကုန်သေတ္တာတင် သင်္ဘောကြီးသည် ၁၂-၁-၂၀၂၂ ရက်နေ့တွင်  MITT ဆိပ်ကမ်းတံတားသို့ ရေစူး 8.1 m ဖြင့် ဝင်ရောက်ဆိုက်ကပ်လာခဲ့ပါသည်။ အဆိုပါ သင်္ဘောကြီးသည် ကုန်သေတ္တာ ၂၉၀၀ TEU ကို ပြန်လည်တင်ဆောင်ပြီး ၁၃-၁-၂၀၂၂ ရက်နေ့တွင် တရုတ်နိုင်ငံ ရှန်ဟိုင်းဆိပ်ကမ်းသို့ ပြန်လည်ထွက်ခွာသွားပြီးဖြစ်ပါသည်။ 

 

(ဓါတ်ပုံ - MITT)