MPT-KSGM ပူးပေါင်းဆောင်ရွက်မှု (၉) နှစ်ပြည့်အထိမ်းအမှတ်တစ်ခုအဖြစ် “Unlimited Night Data Pack” ကို မိတ်ဆက်

ည (၁၁) နာရီ မှ မနက် (၇) နာရီအတွင်း အကန့်အသတ်မရှိ ဒေတာအသုံးပြုမှု (တိုက်ရိုက်ကြည့်ရှုခြင်း၊ ဒေါင်းလုတ်ဆွဲခြင်း၊ chatting လုပ်ခြင်းနှင့် လူမှုကွန်ရက်ချိတ်ဆက်ခြင်းများ) အသုံးပြုနိုင်မည်

(ရန်ကုန်၊၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်)- MPT-KSGM ပူးပေါင်းဆောင်ရွက်မှု (၉) နှစ်ပြည့် အထိမ်း အမှတ်တစ်ခုအဖြစ် MPT ကို အစဉ်တစိုက်သုံးစွဲသူများအား ကျေးဇူးတုံ့ပြန်သည့်အနေဖြင့်  “Unlimited Night Data Pack” ကို မိတ်ဆက်လိုက်ပါသည်။ အဆိုပါ အထူးပရိုးမိုးရှင်းအစီအစဉ်သည် MPT ၏ ဝန်ဆောင်မှုများကို အစဉ်တစိုက်ရွေးချယ်အသုံးပြုနေသော သုံးစွဲသူများအတွက် ထူးခြားကောင်းမွန်သော ဒေတာသုံးစွဲမှု အတွေ့အကြုံ ကောင်းများကို ပေးစွမ်းရန် ရည်ရွယ်ဆောင်ရွက်ထားခြင်း ဖြစ်ပါသည်။ သုံးစွဲသူများသည် ည (၁၁) နာရီ မှ နံနက် (၇) နာရီအတွင်းဝယ်ယူသည့်နေ့မှစ၍ (၉) ရက်ဆက်တိုက် အကန့်အသတ်မရှိ ဒေတာအသုံးပြုမှုနှင့်အတူ ထပ်ဆောင်း အကျိုးခံစားခွင့်အနေဖြင့် MPT Club Points ၁၉၉ ပွိုင့်ကို (၉၉၉) ကျပ်တည်းဖြင့် ဝယ်ယူအသုံးပြုနိုင်မည်ဖြစ်ပါသည်။ ပရိုမိုးရှင်းကာလသည် စက်တင်ဘာလ (၂၃) ရက် မှ အောက်တိုဘာလ (၁) ရက်အထိ ဖြစ်ပါသည်။

MPT သုံးစွဲသူများအားလုံး ယခုပရိုမိုးရှင်းကို MPT4U App  မှတစ်ဆင့် (သို့မဟုတ်) *106*9# ကိုခေါ်ဆို၍ (သို့မဟုတ်) “UNLT” ဟု “1331” သို့ စာတိုပေးပို့ခြင်း (သို့မဟုတ်)  MPT အရောင်းဆိုင်များတွင် လွယ်ကူ အဆင်ပြေစွာ ဝယ်ယူနိုင်ပါသည်။ သုံးစွဲသူများသည် “Unlimited Night Data Pack” ကို အကြိမ်အရေအတွက် အကန့်အသတ်မရှိဝယ်ယူနိုင်ပြီး နောက်ဆုံးဝယ်ယူခဲ့သည့် ပက်ကေ့ချ်၏ သက်တမ်းအတိုင်းအသုံးပြုနိုင်ပါသည်။ ထို့အပြင် သုံးစွဲသူများအနေဖြင့် “Unlimited Night Data Pack” ကို MPT4U အက်ပလီကေးရှင်းမှတစ်ဆင့် ချစ်ခင်ရသူများအား လက်ဆောင်အဖြစ် ပေးပို့နိုင်မည်ဖြစ်ပါသည်။

MPT-KSGM JO ၏ စီးပွားရေးဌာနကြီးမှ  အရာရှိချုပ်ဖြစ်သူ Mr. Tetsunori NAGASHIMA က “ကျွန်တော်တို့ရဲ့ (၉)နှစ်ပြည့် အထိမ်းအမှတ်တစ်ခုအဖြစ် MPT ကို ယုံကြည်စိတ်ချစွာ အစဉ်တစိုက်ရွေးချယ်ခဲ့ကြတဲ့ သုံးစွဲသူတွေကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ “Unlimited Night Data Pack” ကို မိတ်ဆက်ခွင့်ရတဲ့အတွက် ဝမ်းသာပီတိ ဖြစ်ရပါတယ်။ အထူးသဖြင့် ညအချိန်တွေမှာ အဆက်အသွယ်မပြတ် ချိတ်ဆက်နိုင်ဖို့ အရေးကြီးကြောင်း ကျွန်တော်တို့ နားလည်ပြီး ကျွန်တော်တို့ရဲ့ တန်ဖိုးရှိတဲ့ သုံးစွဲသူတွေအနေနဲ့ တစ်ညတာလုံး ဒေတာကုန်သွားမှာ ပူပန်စရာမလိုဘဲ ဒေတာအသုံးပြုမှုအားလုံးကို စိတ်ကျေနပ်မှု ပြည့်ဝစွာ ခံစားစေလိုပါတယ်ဟုပြောကြား ခဲ့ပါသည်။

Mr. Nagashima က ဆက်လက်၍ “အကျိုးခံစားခွင့်တွေကို လဲလှယ်ရယူနိုင်တဲ့ MPT Club Points (199) ပွိုင့်ကို ထပ်ဆောင်းအကျိုးခံစားခွင့်တစ်ခုအနေနဲ့ ပေးအပ်ခွင့်ရတဲ့အတွက် ဝမ်းမြောက်မိပါတယ်။ MPT Club အဖွဲ့ဝင်မဖြစ်သေးတဲ့ သုံးစွဲသူတွေအနေနဲ့ ဒီအခွင့်အရေးကို လက်လွှတ်မခံဘဲ MPT Club အဖွဲ့ဝင်အဖြစ် ပါဝင်ဖို့ တိုက်တွန်းလိုပါတယ်။ ဒီပရိုမိုးရှင်းကတစ်ဆင့် ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေအားလုံး စိတ်ပျော်ရွှင်ကျေနပ်မှု ရရှိကြမယ်လို့ ယုံကြည်ပါတယ်။” ဟုထပ်မံပြောကြားခဲ့ပါသည်။

MPT ၏ ဝန်ဆောင်မှုများကို အစဉ်တစိုက်အသုံးပြုလျက်ရှိသည့် သုံးစွဲသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါသည်။ MPT အနေဖြင့် “အတူလက်တွဲ အမြဲရှိမည်” ဟူသည့် ကတိကဝတ်နှင့်အညီ ဆက်သွယ်ရေးဝန်ဆောင်မှုများကို ပေးအပ်နိုင်ရုံသာမက တန်ဖိုးထားလေးစားရသော သုံးစွဲသူများ၏ ဒီဂျစ်တယ်လူနေမှုဘဝကို အစဉ်အမြဲ ဆန်းသစ်ပြီး မြှင့်တင်ပေးနိုင်မည်ဟု ယုံကြည်ပါသည်။

MPT နှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို MPT ၏ တရားဝင် ဝက်ဘ်ဆိုက် www.mpt.com.mm  သို့ ဝင်ရောက်ကြည့်ရှုနိုင်မည် ဖြစ်ပြီး 106 Call Center သို့ ခေါ်ဆိုမေးမြန်းနိုင်သည့်အပြင် မိမိသိရှိလိုသည်များကိုလည်း တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber နှင့် MPT တရားဝင် ဝက်ဘ်ဆိုက်တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။