MPT နှင့် KDDI Summit Global Myanmar (KSGM) ပူးပေါင်းဆောင်ရွက်မှု (၉) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ “Big Big 9″ ပရိုမိုးရှင်း” အစီအစဉ်ကို မိတ်ဆက်

(ရန်ကုန်၊ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၇ ရက်)- မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သော MPT သည် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍတွင် ၎င်း၏ ပူးပေါင်းဆောင်ရွက်မှု (၉) နှစ်ပြည့်ကို ကြိုဆို ဂုဏ်ပြုသည့်အနေဖြင့် MPT ကို အစဉ်တစိုက်သုံးစွဲသူများအား ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ “Big Big 9 ပရိုမိုးရှင်း” အစီအစဉ်ဖြင့် ကျေးဇူးတုံ့ပြန်လိုက်ပါသည်။

“Big Big 9 ပရိုမိုးရှင်း” အစီအစဉ်ကို ဇူလိုင်လ (၈) ရက်မှ (၁၄) ရက်အထိ ဆောင်ရွက်သွားမည်ဖြစ်ပြီး MPT GSM/WCDMA ကြိုတင်ငွေဖြည့်ကတ်သုံးစွဲသူများအားလုံး အဆိုပါအစီအစဉ်တွင် ပါဝင်ပြီး အထူး အကျိုးကျေးဇူး များကို ရရှိခံစားနိုင်မည် ဖြစ်ပါသည်။ ပရိုမိုးရှင်းကာလအတွင်း ၉၇၉ ကျပ်နှင့်အထက် Data Carry+ ၊ ထောဘီ ၅ဆ၊ ထောဘီ ၁၀ဆ၊ ကြိုက်ရာခေါ် နှင့် အကြိုက်ပြော+ (အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ်များအပါအဝင်)ကို နှစ်သက်ရာနည်းလမ်းများမှတစ်ဆင့်(Auto Renew ပက်ကေ့ချ်များ သက်တမ်းကုန်ဆုံး၍ (သို့) ပက်ကေ့ချ်၏ သတ်မှတ်ထားသောလက်ကျန်ပမာဏအောက်ရောက်ရှိသွား၍ အလိုအလျောက် သက်တမ်းတိုးသည့် နည်းလမ်း မပါဝင်) ဝယ်ယူပြီး ဝယ်ယူသုံးစွဲသူများ အ​နေဖြင့် “ထိပေါက်ကစားခွင့်” SMS လက်ခံရရှိမည် ဖြစ်ပါသည်။ အဆိုပါ “ထိပေါက်ကစားခွင့်” ဖြင့် သုံးစွဲသူများသည် MPT4U အက်ပလီကေးရှင်းမှတစ်ဆင့် ထိပေါက်ကစားပြီး Big Big 9 Hti Pauk 999 GB အထိ ဒေတာလက်ဆောင်များကို ချက်ချင်းကံထူး ရရှိခံစားနိုင်မည် ဖြစ်ပါသည်။ Data Carry+ ၊ ထောဘီ ၅ဆ၊ ထောဘီ ၁၀ဆ (အော်တိုသက်တမ်းတိုးပက်ကေ့ချ်များအပါအဝင်) ပက်ကေ့ချ်များကို MPT4U မှတစ်ဆင့် ဝယ်ယူသုံးစွဲသူများအနေဖြင့် ထပ်ဆောင်း လက်ဆောင်အဖြစ် MPT Club ပွိုင့် ၁,၀၀၀ အထိ ရရှိမည့် MPT Club Hti Pauk အခွင့်အရေးကိုလည်း ရရှိခံစားနိုင်မည် ဖြစ်ပါသည်။

“Big Big 9” ပရိုမိုးရှင်းအစီအစဉ်၏ အကျိုးကျေးဇူးများနှင့် ပတ်သက်သော အသေးစိတ်အချက်အလက်ကို အောက်ပါဇယားတွင် ကြည့်ရှုနိုင်ပါသည်။

ဝယ်ယူနိုင်သော ပက်ကေချ့်များနည်းလမ်းများလက်ဆောင်
၉၇၉ ကျပ် နှင့် အထက် Data Carry Plus၊ ထောဘီ ၅ဆ၊ ထောဘီ ၁၀ဆ၊ ကြိုက်ရာခေါ် နှင့် အကြိုက်ပြော Plus ဖုန်းခေါ်ဆိုမှု ပက်ကေချ့်များ
(ပုံမှန် နှင့် အလိုအလျောက်သက်တမ်းတိုး)
MPT4U
USSD
SMS
Banking Apps
POS Store
Chatbot
ဒေတာလက်ဆောင် 999 GB အထိ
(ရရှိသော ဒေတာလက်ဆောင်ပေါ်မူတည်၍ သက်တမ်း ၃ရက် မှ ၇ရက်အထိ အသုံးပြုနိုင်ပါသည်။

*ပရိုမိုးရှင်းကာလအတွင်း ပက်ကေ့ချ်ဝယ်ယူမှုကို ကန့်သတ်ထားခြင်းမရှိပါ။

MPT သည် ထူးခြားသော ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ပေးအပ်ရန် အမြဲကြိုးစားလျက်ရှိပြီး “Big Big 9” ပရိုမိုးရှင်း အစီအစဉ်သည် MPT က သုံးစွဲသူများထံ အကျိုးကျေးဇူးများ ပြန်လည်ပေးအပ်ရန် ရည်ရွယ်ထားသည့် နည်းလမ်းများစွာထဲမှ တစ်ခုဖြစ်ပါသည်။ အရည်အသွေးမြင့် ထုတ်ကုန်များနှင့် စိတ်လှုပ်ရှားဖွယ်ရာ အခွင့်အလမ်းများဖန်တီးပေးခြင်းဖြင့် MPT သည် နိုင်ငံတစ်ဝန်းရှိ သုံးစွဲသူများအတွက် ဦးစားပေးရွေးချယ်မှုအဖြစ် ဆက်လက် တည်ရှိနေမည် ဖြစ်သည်။

“ဖြတ်သန်းခဲ့တဲ့ (၉) နှစ်တာကာလကို ပြန်တွေးကြည့်ရင် ကျွန်တော်တို့အနေနဲ့ ကြုံတွေ့ခဲ့ရတဲ့ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေရှိပေမယ့်လည်း အဲဒါတွေကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပြီး မြန်မာနိုင်ငံရဲ့ တယ်လီကွန်း ကဏ္ဍမှာ နံပတ် (၁) နေရာအဖြစ် အောင်အောင်မြင်မြင် ရပ်တည်နိုင်ခဲ့တာ ဆိုရင် ကျွန်တော်တို့ရဲ့တန်ဖိုးရှိလှတဲ့ သုံးစွဲသူတွေနဲ့ ဝန်ထမ်းတွေရဲ့ ပံ့ပိုးမှုကြောင့်သာ ဒီလိုကြီးမားတဲ့အောင်မြင်မှုကို ရရှိနိုင်ခဲ့တာဖြစ်ပါတယ်။ သုံးစွဲသူတွေရဲ့ ယုံကြည်မှုနှင့် အစဉ်တစိုက်အသုံးပြုမှုကို ကျေးဇူးအထူးတင်ရှိပါတယ်။ အခုလိုမျိုး  ထူခြားတဲ့ (၉) နှစ်ပြည့် အထိမ်းအမှတ်ကို သုံးစွဲသူတွေနဲ့ အတူတူကျင်းပခွင့်ရတဲ့အတွက် အထူးပဲ ဂုဏ်ယူဝမ်းမြောက် ပျော်ရွှင်မိပါတယ်။ “Big Big 9” ပရိုမိုးရှင်းဟာ ကျွန်တော်တို့ကို စဉ်ဆက်မပြတ် ပံ့ပိုးကူညီပေးတဲ့ သုံးစွဲသူတွေကို ကျေးဇူးတုံ့ပြန်တဲ့ အစီအစဉ် တစ်ခုပဲ ဖြစ်ပါတယ်။ ယခုပရိုမိုးရှင်းကတစ်ဆင့် ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေအားလုံး ပျော်ရွှင် စိတ်ကျေနပ်မှုရရှိကြမယ်လို့ ယုံကြည်ပါတယ်။ အခုလို ထူးခြားလှတဲ့ အခွင့်အရေးကို လက်လွတ်မခံကြဖို့လည်း တိုက်တွန်းလိုပါတယ်။” ဟု MPTJO ၏ စီးပွားရေးဌာနကြီးမှ အရာရှိချုပ်ဖြစ်သူ Mr. Tetsunori Nagashima မှ ပြောကြားခဲ့ပါသည်။

(၉) နှစ်တာကာလအတွင်း MPT သည် SMS၊ Voice Calls နှင့် Data ပက်ကေ့ချ်များနှင့် MPT U-Life ဒီဂျစ်တယ်အာမခံဝန်ဆောင်မှုများပါဝင်သည့် ဝန်ဆောင်မှုများ၊  ကွန်ရက်နှင့် အခြေခံအဆောက်အဦများ တိုးမြှင့်အသုံးပြုနိုင်ရေး၊ ဒီဂျစ်တယ်မိုဘိုင်းလ်ငွေ (MPT Pay)၊ MPT4U App ၊ MPT IPTV ကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ MPT Club တွင် မိတ်ဖက်အဖွဲ့အစည်းများဖြင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ဒီဂျစ်တယ် အတွေ့အကြုံများပေးအပ်ခြင်းနှင့် လူမှုအသိုက်အဝန်းများအတွက် လူမှုအကျိုးပြုလှုပ်ရှားမှုကို ကျန်းမာရေး၊ ပညာရေး၊ စွန့်ဦးထီထွင် စီးပွားရေး လုပ်ငန်းငယ် စသည့် အဓိကမဏ္ဍိုင်ကြီး သုံးရပ်ဖြင့် ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပြီး အခြေအနေတိုင်းတွင် “အတူလက်တွဲ အမြဲရှိမည်” ဆိုသည့် ဆောင်ပုဒ်အတိုင်း ဆောင်ရွက်သွားမည် ဖြစ်သည်။ 

စစ်မှန်သည့် ပြည်တွင်းဆက်သွယ်ရေး အော်ပရေတာဖြစ်သော MPT သည် မြန်မာပြည်သူများအကြား အကောင်းဆုံး ဆက်သွယ်ချိတ်ဆက်မှု ရရှိစေနိုင်ရေးအတွက် အမြဲတစေ ကြိုးပမ်း ဆောင်ရွက်လျက်ရှိပြီး နယ်ပယ်စုံရှိ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ နိုင်ငံတစ်ဝန်းရှိ မြန်မာပြည်သူပြည်သားများ၏ လိုအပ်ချက် များကို တစ်နေရာတည်းတွင်ဖြည့်ဆည်းပေးနိုင်ရန် ကတိကဝတ်ထားရှိပြီး ဆောင်ရွက်သွားမည် ဖြစ်သည်။  ယနေ့အချိန်ထိ MPT သည် မြန်မာပြည်သူပြည်သားများနှင့် မြန်မာ့ လူမှုအသိုက်အဝန်းသို့ မြန်မာကျပ်ငွေ သန်းပေါင်း ၂၆,၀၀၀ ကျော်ကို သုံးစွဲကာ ထောက်ပံ့ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်သည်။ 

MPT ၏ ဝန်ဆောင်မှုများကို အစဉ်တစိုက်အသုံးပြုလျက်ရှိသည့် သုံးစွဲသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါသည်။ သုံးစွဲသူများအနေဖြင့် MPT  ၏ ပရိုမိုးရှင်းအကြောင်းကို အသေးစိတ်သိရှိလိုပါက MPT ၏ တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm  သို့ ဝင်ရောက်ကြည့်ရှုနိုင်ပြီး 106 Call Center သို့ ခေါ်ဆိုမေးမြန်းနိုင်သည့်အပြင် မိမိသိရှိလိုသည်များကိုလည်း တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber နှင့် MPT တရားဝင် ဝက်ဘ်ဆိုက်တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။[/vc_column_text][/vc_column][/vc_row]