Monitoring and Evaluation Specialist ( Local) ၏ online မှ လူတွေ့ဖြေဆိုရန်နှင့် လူတွေ့ဖြေဆိုခွင့်ရသူများစာရင်းကြေငြာခြင်း

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊  ဆက်သွယ်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း တွင်  လုပ်ငန်းလိုအပ်ချက်အရ ပြင်ပမှ Monitoring and Evaluation Specialist (Local)တစ်ဦးခန့်ထားနိုင်ရေးအတွက် (၂၃.၄.၂၀၂၀) ရက်နေ့မှ (၂၃.၅.၂၀၂၀)ရက်နေ့ အထိ လျှောက်လွှာခေါ်ယူခဲ့ရာ Monitoring and Evaluation Specialist (Local)အတွက်‌ (၁၃)ဦး လျှောက်ထားလာခဲ့သည်။ လျှောက်လွှာခေါ်ယူခဲ့သည့် Term of Reference (ToR) အချက်များ နှင့် ကိုက်ညီသည့် အောက်ဖော်ပြပါ ဆန်ကာတင် (၆)ဦးမှာ online မှ လူတွေ့ ဖြေဆိုရ မည်ဖြစ်ပါသည်-

စဉ်                အမည်

(၁)     U Kaung Htet Yee 

(၂)     U Khaing Zaw Win 

(၃)     U Tin Ko Oo

(၄)     Dr.Aung Than Oo.

(၅)     Naw Seng

(၆)     Daw Thee Thee Win 

လူတွေ့ဖြေဆိုခွင့်ရရှိသူများအနေဖြင့် (၂၂-၇-၂၀၂၀)ရက်နေ့ နံနက်(၁၀:၀၀) နာရီမှ စတင်၍ Online မှ  လူတွေ့စစ်ဆေးမည်ဖြစ်ပါသည်။ ဖြေဆိုမည့် တစ်ဦးချင်းဆီထံသို့ Online Invitation Link သီးခြားစီပေးပို့သွားမည်ဖြစ်ပါသည်။