Linux System Administration Course သင်တန်း နှင့် Networking Course Level-II သင်တန်းဖွင့်ပွဲအခမ်းအနား

၂၀၂၀ ပြည့်နှစ် သြဂုတ် (၂၄) ရက်

         ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာ လုံခြုံရေး သင်တန်းကျောင်းတွင် သင်တန်းခန်းမ(၁)တွင် Linux Server Administrator ဖြစ်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်သော linux System Administration Course သင်တန်း နှင့် သင်တန်းခန်းမ(၂)တွင် Network Performance နှင့် Dynamic Routing ဆိုင်ရာ ကွန်ရက်နည်းပညာများကို နားလည် သဘောပေါက်၍ Network Administrator အဖြစ် လက်တွေ့လုပ်ဆောင်နိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်သော Networking Course Level-II သင်တန်းများကို ၂၀၂၀ ပြည့်နှစ် သြဂုတ် (၂၄) ရက်နေ့ နံနက်ပိုင်းက နေပြည်တော်၊ ရုံးအမှတ် (၂) သင်တန်းခန်းမတွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ သင်တန်းဖွင့်ပွဲ အခမ်းအနားကိုကျင်းပပြုလုပ်ကြောင်း သိရပါသည်။

linux System Administration Course နှင့် Networking Course Level-II သင်တန်းများကို သင်တန်းကာလမှာ (၂၄-၈-၂၀၂၀) ရက်နေ့မှ (၄-၉-၂၀၂၀) ရက်နေ့အထိ (၁၀) ရက် သင်တန်းဖြစ်ပြီး Linux System Administration Course  သင်တန်းတွင် ပြည်ထောင်စုဝန်ကြီးဌာနနှင့် အစိုးရ အဖွဲ့အစည်း (၂၂) ခုမှ သင်တန်းသား (၂) ဦးနှင့် Networking Course Level-II သင်တန်း တွင် ပြည်ထောင်စုဝန်ကြီးဌာနနှင့် အစိုးရ အဖွဲ့အစည်း (၁၆) ခုမှ သင်တန်းသား (၂) ဦးဖြင့် စုစုပေါင်းသင်တန်းသား (၄၉) ဦး တို့ တက်ရောက်ကြောင်း သိရပါသည်။ သင်တန်းတွင်   အွန်လိုင်းသင်ကြားရေးစနစ်ကို အသုံးပြု၍ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရပါသည်။     

သင်တန်းဖွင့်ပွဲသို့ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး သင်တန်းကျောင်း၊ ကျောင်းအုပ် ဒေါ်ခင်ဆွေဌေးနှင့် ဌာနမှ တာဝန်ရှိသူများတက်ရောက်ခဲ့ပြီး  သင်တန်းကျောင်း၊  ကျောင်းအုပ် ဒေါ်ခင်ဆွေဌေး က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

         သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး သင်တန်းကျောင်းသည် ပြည်ထောင်စုဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့အစည်းများမှ နိုင်ငံဝန်ထမ်းများအား e-Government နှင့် ဆိုက်ဘာလုံခြုံရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၁၆- ၂၀၁၇ ဘဏ္ဍာရေး နှစ်မှစ၍ ICT သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက် ရှိကြောင်း သိရှိရသည်။

ITCS သင်တန်းကျောင်း