Essential Infrastructure Configurations for e–Government သင်တန်းဖွင့်ပွဲအခမ်းအနား

     ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးသင်တန်းကျောင်းတွင် Networking နည်းပညာရပ်ကို လက်တွေ့လုပ်ကိုင်နေသော CIO, ACIO နှင့် Network Administrator များတက်ရောက်သည့် Essential Infrastructure Configurations for e – Government သင်တန်းကို သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး သင်တန်းကျောင်းနှင့် Cisco Systems (Myanmar) Company Limited တို့ ပူးပေါင်း၍ ဒီဇင်ဘာလ (၁၁)ရက်နေ့တွင် နေပြည်တော်၊ ရုံးအမှတ် (၂)၊ သင်တန်းကျောင်း၌ ကျင်းပပြုလုပ်ကြောင်း သိရပါသည်။

         အဆိုပါ Essential Infrastructure Configurations for e – Government သင်တန်းကို  ပြည်ထောင်စုဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့အစည်း (၃၄)ခုမှ သင်တန်းသား  (၄၀)ဦး တို့ တက်ရောက်ကြောင်းသိရပါသည်။ သင်တန်းကာလမှာ (၁၁-၁၂-၂၀၁၉) ရက်နေ့မှ (၁၂-၁၂-၂၀၁၉) ရက်နေ့ အထိ (၂)ရက် ဖြစ်ပြီး Cisco Systems (Myanmar) Company Limited မှ သင်တန်းနည်းပြ (၃)ဦး တို့က စာတွေ့လက်တွေ့ပို့ချမည် ဖြစ်ပါသည်။

          သင်တန်းဖွင့်ပွဲတွင် သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး သင်တန်းကျောင်း၊  ကျောင်းအုပ် ဒေါ်ခင်ဆွေဌေးနှင့် Cisco Systems (Myanmar) Company Limited၊ Country Business Development  Manager  ဦးစိုင်းဝမ် တို့မှ အဖွင့်အမှာစကားများ ပြောကြားခဲ့ပြီး Cisco Systems (Myanmar) နှင့် Cisco Meraki Product Family တို့မှ System Engineer ဦးငြိမ်းချမ်းထွန်းနှင့် ဦးရန်နိုင်အောင်တို့မှ ဝန်ကြီးဌာနများ၏ Network Infrastructure များအား စနစ်တကျနှင့် လုံခြုံမြန်ဆန်မှုရှိစွာ တည်ဆောက် အသုံးပြုနိုင် စေရန်  Meraki SD-WAN နှင့် Wireless Technology ကို  စာတွေ့လက်တွေ့ ပို့ချမည်ဖြစ်ပါသည်။

       သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး သင်တန်းကျောင်းသည် ပြည်ထောင်စုဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့အစည်း များမှ နိုင်ငံဝန်ထမ်းများအား e-Government နှင့် ဆိုက်ဘာလုံခြုံရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၁၆- ၂၀၁၇ ဘဏ္ဍာရေး နှစ်မှစ၍ ICT သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရှိရသည်။