e-Government အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေး ဆပ်ကော်မတီ VMware Exchange # 3 သင်တန်း ဖွင့်လှစ်ခြင်း

မတ်လ (၂၈) ရက်

         ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာ လုံခြုံရေးသင်တန်းကျောင်းတွင် Chief Information Officer (CIO)များ၏ ကွန်ပျူတာ       စွမ်းဆောင်ရည် မြင့်မားစေရန်နှင့် သက်ဆိုင်ရာဌာနများအလိုက် သီးခြားအကောင်အထည်ဖော် ဆောင်ရွက်မည့် Application များအတွက် နည်းပညာပိုင်းနှင့် အခြေခံအဆောက်အဦပိုင်းတွင် အရည်အသွေးနှင့်နည်းစနစ် တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ e-Government အကောင် အထည်ဖော်ရေးလုပ်ငန်းကော်မတီ၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးဆပ်ကော်မတီနှင့် ပို့ဆောင် ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနတို့မှ VMware နှင့် ပူးပေါင်းဖွင့်လှစ်သည့်  VMware Exchange # 3 သင်တန်းကို ယနေ့ နေပြည်တော်၊ ရုံးအမှတ်(၂) သင်တန်းခန်းမတွင် ကျင်းပပြုလုပ်ရာ VMware မှ Country Manager ဦးပြည်စိုး က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပါသည်။ VMware Exchange # 3 သင်တန်းကို အစိုးရအဖွဲ့အစည်းနှင့် ဝန်ကြီးဌာန (၂၄)ခု မှ CIO/ACIO နှင့် အိုင်တီဌာနတာဝန်ခံ (၃၂) ဦး တို့ တက်ရောက်ကြောင်း သိရပါသည်။    

VMware Exchange ကို ၂၀၁၉ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိ တစ်လ တစ်ရက် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး သင်တန်းကာလ စုစုပေါင်း (၆) ရက် ဖြစ်ကြောင်း သိရှိရသည်။