e-Government အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးဆပ်ကော်မတီ Data Analytics and Business Intelligence Reporting for Management သင်တန်း ဖွင့်လှစ်ခြင်း

မတ်လ (၂၆) ရက်

       ဌာနဆိုင်ရာများတွင် Microsoft Excel 2016 ကို အသုံးပြုပြီး ဒေတာများအပေါ်အခြေခံသော ဆုံးဖြတ်ချက်များချမှတ်နိုင်ရန်နှင့် ဇယားများ၊ ပုံများပါဝင်သော အစီရင်ခံစာများ ရေးသား ဖော်ပြနိုင်ရန် ရည်ရွယ်၍ “Data Analytics and Business Intelligence Reporting for Management” သင်တန်းအမှတ်စဉ် (0101/01/18-19) ကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ e-Government အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ၊ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးရေး ဆပ်ကော်မတီနှင့် New Horizons Computer Learning  Center , Myanmar တို့ ပူးပေါင်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၂)၊ နေပြည်တော်တွင် ဖွင့်လှစ်ခဲ့ပါသည်။

အဆိုပါသင်တန်း ဖွင့်ပွဲအခမ်းအနားတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ e-Government လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး ဆပ်ကော်မတီ အဖွဲ့ဝင် ဒေါ်ခင်ဆွေဌေး က  အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ၄င်းနောက် New Horizons Computer Learning  Center , Myanmar မှ Managing Director ဒေါ်လွင်လွင်ငြိမ်းချမ်း က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး data များအပေါ်အခြေခံ၍ အိုင်တီနည်းပညာအသုံးပြုပြီး ယနေ့ခေတ်တွင် ဆုံးဖြတ်ချက်ချခြင်း၊ အစီရင်ခံခြင်းတို့ ဆောင်ရွက်နိုင်ပုံကို Presentation ဖြင့် ရှင်းလင်း တင်ပြခဲ့ပါသည်။

“Data Analytics and Business Intelligence Reporting for Management” သင်တန်းကို အစိုးရအဖွဲ့အစည်းနှင့် ဝန်ကြီးဌာန (၃၅)ခု မှ သင်တန်းသား (၃၉) ဦး တို့ တက်ရောက်ခဲ့ပြီး (၂၅-၃-၂၀၁၉) ရက်နေ့မှ (၂၆-၃-၂၀၁၉) ရက်နေ့ထိ (၂) ရက် ဖွင့်လှစ်ပို့ချမည်ဖြစ်ပါကြောင်း သိရပါသည်။    

သင်တန်းကျောင်း