4th China – ASEAN Information Harbor Forum အခမ်းအနားကျင်းပ

တရုတ်နိုင်ငံသည် ဒစ်ဂျစ်တယ်စီးပွားရေးတွင် အာဆီယံနိုင်ငံများနှင့်အတူ ပူးပေါင်းဆောင်ရွက်မှုနှင့် အတွေးအမြင်များ ပိုမိုဖလှယ်နိုင်ရေး နှစ်ဦးနှစ်ဖက်မိတ်ဖက်ဆက်ဆံရေးကို ချဲ့ထွင်နိုင်ရန်အတွက် 1st China – ASEAN Information Harbor Forum ကို ၂၀၁၅ ခုနှစ်တွင် လည်းကောင်း၊ ၂၀၁၆ ခုနှစ်တွင် 2nd China – ASEAN Information Harbor Forum ကိုလည်းကောင်း၊ ၂၀၁၈ ခုနှစ်တွင် 3rd China – ASEAN Information Harbor Forum ကိုလည်းကောင်း ကျင်းပခဲ့ပါသည်။ 4th China – ASEAN Information Harbor Forum ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Cyberspace Administration၊ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်၊ စက်မှုနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန၊ ကွမ်းရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အစိုးရတို့မှ ပူးပေါင်း၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၂၆) ရက်နေ့တွင် စီစဉ်ကျင်းပပါသည်။ Cyberspace Administration မှ အဆိုပါဖိုရမ်၏ ဖွင့်ပွဲအခမ်းအနားတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်မှ ဗီဒီယိုမိန့်ခွန်းပြောကြားပေးပါရန် ဖိတ်ကြားချက်အရ ပြည်ထောင်စုဝန်ကြီးမှ ဗီဒီယိုမိန့်ခွန်းအား ပေးပို့ပြောကြားပါသည်။

ပြည်ထောင်စုဝန်ကြီးက ပြောကြားသည့်မိန့်ခွန်းတွင် China – ASEAN Information Harbor Forum သည် အာဆီယံဒေသတွင် ဒစ်ဂျစ်တယ်စီးပွားရေးနှင့် ဆက်စပ်သည့်အရေးကြီး အကြောင်းအရာများကိုဆွေးနွေးပြီး မိမိတို့အမြင်များကို မျှဝေရန်အတွက် စင်္ကြံတစ်ခုဖြစ်လာပါကြောင်း၊ ယခင်နှစ်များကအခမ်းအနားကို ကျင်းပခဲ့သည့်အတိုင်း ယခုနှစ်တွင်လည်း တရုတ်ပြည်သူ့သမ္မတ နိုင်ငံနှင့် အာဆီယံနိုင်ငံတို့မှ နှစ်ဦးနှစ်ဖက် အကျိုးရှိမည့်ကောင်းမွန်သောရလာဒ်များကို ရရှိမည်ဟု ယုံကြည်ပါကြောင်း၊ ဒေသတွင်းအဆင့်တွင် အာဆီယံသည် “ဒစ်ဂျစ်တယ်စီးပွားရေးနှင့် ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းခြင်း” ၏ အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်သည်သာမက ဒေသတွင်းပေါင်း စည်းမှုနှင့် အဓိကအားဖြင့် အားလုံးပါဝင်ပြီး သာတူညီမျှတိုးတက်ရန် ပဓာနကျသည့် မှတ်တိုင်ဖြစ် ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း နိုင်ငံအဆင့်၌ မိမိနိုင်ငံတို့၏ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းခြင်း အားထုတ်မှုကိုအရှိန်မြှင့်ဆောင်ရွက်ရန် ကြိုးပမ်းလျက်ရှိပါကြောင်း၊  မိမိတို့အနေဖြင့် ကွန်ရက်အခြေခံအဆောက် အအုံတည်ဆောက်ခြင်းနှင့်ပတ်သက်၍ အောင်မြင်မှု အတော်အတန် မြင့်မားစွာရရှိခဲ့ပါကြောင်းနှင့် မိမိတို့သည် Cyber-Legal မူဘောင်ကို ရေးဆွဲလျက်ရှိပါကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် မိတ်ဘက်ကောင်းနိုင်ငံတစ်နိုင်ငံဖြစ်ပြီး အာဆီယံနှင့် မြန်မာနိုင်ငံတို့အား များစွာသော အကူအညီမှုများကိုပေးပါကြောင်းနှင့် 4th China – ASEAN Information Harbor Forum သည် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာစေရေးအတွက် ကြီးမားသောအောင်မြင်မှုတစ်ခုဖြစ်ပြီး အာရှ-ပစိဖိတ်ဒေသတွင် ချိတ်ဆက်ထားသော ဒစ်ဂျစ်တယ်အနာဂတ်ကို ပူးတွဲဖန်တီးရန်အတွက် ပူးပေါင်းဆောင်ရွက်မှုဖြစ်လာစေရန် ဆန္ဒပြုပါကြောင်းစသည်ဖြင့် ထည့်သွင်း ပြောကြားခဲ့ပါသည်။

အဆိုပါ ဖိုရမ်၏ Theme မှာ “Digital Technology Connects ASEAN, Intelligence Creates the Furure” ဖြစ်ပြီး ဖိုရမ်သို့ တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများမှ ဖိတ်ကြားထားသော ဝန်ကြီးအဆင့် ဧည့်သည်တော်များ၊ ဒစ်ဂျစ်တယ်စီးပွားရေးကဏ္ဍတွင် ထင်ရှားကျော်ကြားသည့် ပညာရှင်များ၊ ကျွမ်းကျင်သူများက တက်ရောက်ခဲ့ကြပါသည်။