2600 MHz လှိုင်းနှုန်းစဉ်လေလံ (EoI) ပေးပို့သည့် ကုမ္ပဏီများ စာရင်းနှင့် Potential Bidder စာရင်းထုတ်ပြန်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် 2600 MHz လှိုင်းနှုန်းစဉ် လေလံတွင် ဆက်လက် ပါဝင်ယှဉ်ပြိုင်သွားရန်အတွက် EoI ပေးပို့လာသည့် ကုမ္ပဏီ (၂၂)ခု အနက် ကုမ္ပဏီ(၂၀)ခု အား Potential Bidder အဖြစ် စိစစ်ရွေးချယ်ထားပါသည်။ အဆိုပါ ကုမ္ပဏီများ အနေဖြင့် မှန်ကန်စွာဖြည့်စွက်ထားသည့် Financial, Technical, Ownership Documents များအား  ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ပေးပို့ထားသည့် Form များအတိုင်း ပြည့်စုံစွာဖြည့်စွက်၍ ချိပ်ပိတ်ပြီး ၂၀၁၆ခုနှစ်၊ စက်တင်ဘာလ (၇)ရက်နေ့တွင် နေ့လည် (၂)နာရီ ထက်နောက်မကျစေဘဲ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီး ဌာနသို့ လူကိုယ်တိုင် လာရောက် ပေးပို့တင်ပြသွားရမည်ဖြစ်ပါသည်။