“Establishment of Vehicle Information Management System for Vehicle Inspection,Registration and Driving License in Myanmar” Project အတွက် Record of Discussion (ROD) လတ်မှတ်ရေးထိုးခြင်းအခမ်းအနား

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဉီးစီးဌာနနှင့် ကိုးရီးယားသမ္မတ နိုင်ငံ၊ Korea International Cooperation Agency (KOICA) တို့သည် “Estavbishment of Vehicle Information Management System for Vehicle Inspection,Registration and Driving License in Myanmar” Project အတွက် Record of Discussion (ROD) လတ်မှတ်ရေးထိုးခြင်းအခမ်းအနားကို မတ်လ ၂၀ ရက်နေ့ နံနက် ၉:၃၀ နာရီတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးသန့်စင်မောင်၊ ဒုတိယ ဝန်ကြီးဉီးသာဉီးနှင့်ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားနိုင်ငံသံအမတ် ကြီး H.E Mr. Lee Sang-Hwa နှင့် KOICA Myanmar Office မှတာဝန်ရှိများ တက်ရောက်ကြသည်။

အခမ်အနားတွင် ပြည်ထောင်စုဝန်ကြီး ဉီးသန့်စင်မောင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားနိုင်ငံ သံအမတ်ကြီး H.E Mr. Lee Sang-Hwa တို့က အမှာစကားပြောကြားပြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဉီးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဉီးဇော်မင်းဉီးနှင့် KOICA Myanmar Office မှ Chief Representative Ms. Lee Youn Soo   တို့က  Record of Discussion (ROD) ကိုလက်မှတ်ရေးထိုးခဲ့ကြပါသည်။