“လူငယ်နှင့်စာပေအနုပညာပြပွဲ”တွင် ဆိုက်ဘာလုံခြုံရေးပြခန်း အား အောင်မြင်စွာ ဖွင့်လှစ်ပြသ ပြီးစီး

၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် “လူငယ်နှင့်စာပေ အနုပညာပြပွဲ”ကို နေပြည်တော်ရှိ၊ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-2) တွင် နိုဝင်ဘာလ ၂၆ ရက်နေ့မှ ၂၉ ရက်နေ့ထိ ကျင်းပရာ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနမှ ဆိုက်ဘာလုံခြုံရေးပြခန်းအား အောင်မြင်စွာ ဖွင့်လှစ်ပြသခဲ့ပါသည်။
အဆိုပါ ပြခန်းတွင် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ညဏ်စမ်းမေးခွန်များကို စိတ်ပါဝင်စားသူများမှ ဝင်ရောက်ဖြေဆိုကြရာ အခြေခံပညာအဆင့်တွင် ၁၁၃၄ ဦး၊ တက္ကသိုလ်အဆင့်တွင် ၁၁၈ ဦး၊ အလွတ်တန်းအဆင့်တွင် ၁၀၁ ဦး ဖြေဆိုခဲ့ကြပြီး မေးခွန်း ၁၅ ခုအနက် ၁၃ ခုကို မှန်ကန်စွာ ဖြေဆိုနိုင်ခဲ့သူများအား အမှတ်တရလက်ဆောင်များ ချီးမြှင့်ခဲ့ပြီး အခြေခံပညာအဆင့်နှင့် တက္ကသိုလ်အဆင့်တွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား ဆုတံဆိပ်များ အသီးသီး ချီးမြှင့်ခဲ့ကြောင်း သိရှိရပါသည်။